|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: နအဖ ထောက်လှမ်းရေးဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်း ခံနေရသူ ABSDF တပ်ဖွဲ့ဝင် ညီဖြစ်သူအား သွားရောက်ကယ်တင်ရန် ၊ နောက်ထပ် လူသတ်ပွဲကြီး ထပ်မဖြစ်စေရန်၊ အဖမ်းခံနေရသူများကို သူတို့၏ မိဘရင်ခွင်သို့ ပြန်ပို့ပေးရန် ရည်ရွယ်ချက်ဖြင့် ၈၈ အရေးအခင်းပြီး ၃ နှစ်အကြာ၌ ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB) သို့ သွားရောက်ခဲ့သော စာရေးသူက သူသိသမျှ သူမြင်ခဲ့သမျှ ABSDFအကြောင်းများကို ဖွင့်ချရေးသား ဖော်ထုတ်ထားခြင်းဖြစ်သည်။ ABSDF တပ်ဖွဲ့သား အချင်းချင်း နှိပ်စက် သတ်ဖြတ်မှု အရှိန်အမြင့်ဆုံးဖြစ်သည့် အချိန်ကာလအတွင်း သူသည် ABSDF (NB) စခန်းကို ၂ ကြိမ်တိုင်ရောက်ရှိခဲ့ပြီး တစ်ကြိမ်လျှင် ရက်ပေါင်း ၂ဝ ကျော်ကြာအောင် နေထိုင်ခဲ့သည်။ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီးကျင်းပခဲ့သည့် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)ကလည်း ၎င်းစခန်းတွင် သူရှိနေခဲ့သည်ဟု ဆိုသည်။ အဆိုပါ အရေးအခင်းတွင် အဖမ်းခံရသူ ၁ဝ၆ ယောက်ရှိခဲ့ပြီး ၎င်းတို့၌ ၇၁ ယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ၃၅ ယောက်သည် ညှင်းပန်းနှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့ရသည်။ ယခုစာအုပ်တွင် အဆိုပါအရေးအခင်း အစအဆုံးနှင့်တကွ အရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့ကြသည့် နိုင်အောင်၊ အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်း၊ သန်းဇော်၊ ဇော်ဇော်မင်း၊ ကျော်ထင်ဦး၊ သက်လင်း၊ ဖိုးနှောင်းတို့၏ ကျောင်းသားလူငယ် အချင်းချင်းအပေါ် ဇာတ်တူသားစားပြီး ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့ကြပုံများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ ခေါင်းဖြတ်၊ အရှင်လတ်လတ် မီးရှို့၊ လက်ကို သံချောင်းနှင့် ကားစင်တင်၊ မြေမြှုပ်ထားသည့် အလောင်းတို့၏ အသားကို ပြန်ဖော်ပြီး စား၊ နံချက်ကူနှင့် ရိုက်၊ ပေါက်ပြားနှင့် ခုတ်သတ်အပါအဝင် ညှင်းပမ်းနှိပ်စက်နည်းများအစုံသုံးကာ ကမ်းကုန်အောင် ရက်စက်ခဲ့ကြသည့် အဆိုပါလူသတ်ပွဲသည် နာဇီတို့၏ အော့စ်ဝစ်ဇ် အကျဉ်းစခန်း၊ ကမ္ဘောဒီးယားမှ ပိုပေါ့တို့၏ အကျဉ်းစခန်း၊ ဆာရာရေဗိုတွင် ဖြစ်ပျက်ခဲ့သည့် အနိဋ္ဌာရုံများထက် များစွာပို၍ ရက်စက်သည်ဟု ဆိုထားသည်။ စာအုပ်ပါ အကြောင်းအရာများတွင် ပါဝင်ပတ်သက်ခဲ့သူများကိုလည်း အမည်၊ နေရပ်လိပ်စာတွေနှင့် အရှိအတိုင်း အမှန်အတိုင်း ရေးသားဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|