|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ချင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း (Chin Culture and Traditions)
-
-
Author(s):
စတီဗဲန် နီကိယို
- Type: Myanmar Books
-
Category:
ယဉ်ကျေးမှု
- No of Pages: 545
- Binding: Paperback
- Publication Month Year: Jun-2012
- Size: 15 cm x 22 cm
|
- Description: ချင်းပြည်နယ် အလယ်ပိုင်းရှိ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်အချို့နှင့် ဖလမ်းမြို့နယ်တို့ရှိ “လိုင်” (Lai)ဟူခေါ်သော ချင်းမျိုးနွယ်စုများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ထုံးတမ်းစဉ်လာများကို အသေးစိတ် မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ စာအုပ်မှာ လိုင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က ထုတ်ဝေထားခြင်းဖြစ်ပြီး စာရေးသူမှာ အစိုးရဝန်ထမ်းဘဝဖြင့် ၂၃ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်စဉ်အတွင်း ပြည်ထောင်စုနေ့များတွင် ချင်းပြည်နယ် ယဉ်ကျေးမှုအဖွဲ့ကို နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့သူဖြစ်သည်။ “လိုင်”လူမျိုးများ၏ ထိမ်းမြားခြင်း ဓလေ့ထုံးစံအကြောင်း၊ အမွေဆက်ခံခြင်း ထုံးတမ်းစဉ်လာများအကြောင်း၊ သားသမီး မွေးဖွားရာတွင် အမည်ပေးပုံ၊ ခေါင်ကျွဲပွဲ အပါအဝင် ရိုးရာပွဲတော်များ ကျင်းပပုံ၊ ကလေးချော့ သီချင်းများအကြောင်း၊ သေခြင်းဆိုင်ရာ အယူအဆများနှင့် အသုဘလုပ်ထုံးလုပ်နည်းများ၊ လူမှုရေးဆိုင်ရာ အကြောင်းအရာများ၊ ဘာသာတရား ယုံကြည်ခြင်းနှင့် ကိုးကွယ်ပုံများ၊ ရွာ, အိမ်, တောင်ယာ တည်ဆောက်ပြုလုပ်ပုံများ၊ အခွန်စနစ်များ၊ တောလိုက်ခြင်း, ငါးဖမ်းခြင်းအပါအဝင် ရိုးရာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအကြောင်း၊ ကလေးလူငယ်များ ကစားလေ့ရှိသည့် ကစားနည်းများ၊ ပြက္ခဒိန်စနစ်၊ အချိန်စနစ်၊ ရာသီဥတုအကြောင်း၊ အဝတ်အစား ဆင်ယင်ထုံးဖွဲ့မှုအကြောင်း၊ ချင်းစာပေအကြောင်းတို့ကို အခန်း ၁၄ ခန်းခွဲကာ အသေးစိတ် ရေးသားရှင်းလင်းထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝ၁၂ ခုနှစ် အမျိုးသားစာပေဆု (မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ)ကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|