|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကိုယ်တွေ့စုံထောက်မှု (လက်ပံတောင်ရွာ ဓားပြတိုက်ရာတွင် လူသေဆုံးမှု)
-
-
Author(s):
ပုလိပ်အရာရှိတစ်ဦး
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 304
- Binding: Paperback
- Publication Month Year: Sep-2012
- Size: 12 cm x 18 cm
|
- Description: ရဲအဖွဲ့တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီးနောက် ခရိုင်ရဲဝန်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူ စာရေးသူက သူ၏ ကိုယ်တွေ့ စုံထောက်ဖော်ထုတ်ခဲ့ရသော မှုခင်းဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို ဝတ္ထုတစ်ပုဒ်အဖြစ် ရေးသားထားခြင်းဖြစ်သည်။ ဤမှုခင်းသည် စစ်ဆေးခဲ့သော အကောင်းဆုံး မှုခင်းရပ်များထဲမှ စုံထောက်ဉာဏ် အများကြီးသုံး၍ ဖော်ထုတ်ခဲ့ရသော မှုခင်းဖြစ်ကြောင်းလည်း စာရေးသူက ဆိုထားသည်။ အမှုကို ခဲရာခဲဆစ် ဖော်ထုတ်နိုင်ခြင်းကြောင့် ခရိုင် ရာဇဝတ်ဝန် (ယခုအခေါ် ပြည်သူ့ရဲ ခရိုင်ကြီးကြပ်ရေးမှုး)က ဆုအဖြစ် ငွေဖလားကြီးတစ်လုံး ချီးမြှင့်မြှောက်စားခြင်း ခံခဲ့ရသည်။ ထိုမျှမက စာရေးသူသည် ဤဝတ္ထုဖြင့်ပင် ၁၉၅၆ ခုနှစ်၊ စာပေဗိမာန် ဝတ္ထုရှည်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ဝတ္ထုနှင့် ပတ်သက်၍ စာရေးဆရာကြီး ဒဂုန်ရွှေမျှားက “ရာဇဝတ်မှု တစ်ခုနှင့် စပ်လျဉ်း၍ ကျေးရွာသားတို့၏ စိတ်ထား၊ သဘောထားနှင့် ရဲအရာရှိတို့၏ လုပ်ငန်းဆိုင်ရာ အခက်အခဲတို့ကို ထင်ရှားစွာ ဖော်ပြနိုင်သော ဝတ္တုဖြစ်၏၊ စာရေးသူသည် မိမိရေးသားသော အကြောင်းအရာကို သေချာစွာ သိနားလည်၍ မိမိနားလည်သမျှကို ဇာတ်လမ်းဇာတ်ကွက် ဆင်ရာ၌ ကောင်းသည်၊” ဟုလည်းကောင်း၊ မောင်ဆုရှင်က “...ဦးဘသော်(ပုလိပ်အရာရှိတစ်ဦး)၏ လက်ရာမှာ ချောမွေ့သည်၊ ရေးသားရာတွင် သွက်လက်ပြီး အချက်အလက်များကို ဒိုးဒိုးဒေါက်ဒေါက် ရေးချနိုင်သည်၊ သူ့စာများကို ဖတ်ရသည်မှာ ဆရာသော်တာဆွေ၏ လက်ရာများကို ဖတ်ရသည်နှင့် ဆင်ဆင်တူသည်၊”ဟုလည်းကောင်း သုံးသပ်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|