|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အိုစမာဘင်လာဒင် သုတ်သင်မှုစစ်ဆင်ရေး
-
-
Author(s):
ဇင်သန့်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 193
- Binding: Paperback
- Publication Month Year: Oct-2012
- Size: 18 cm x 18 cm
|
- Description: Chuck Pfarrer ရေးသားသည့် The Inside Story of The Mission To Kill Osama Bin Laden စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အားလုံးသိကြသည့်အတိုင်းပင် ၂ဝ၁၁ ခုနှစ်၊ မေလ (၁) ရက်၊ ညဉ့်နက်ချိန်၌ အမေရိကန် လက်ရွေးစင် ဆီးလ်တပ်စု ၆ မှ တပ်သားများသည် 911 အရေးအခင်း၏ အဓိကလက်သည် အိုစမာဘင်လာဒင်လာဒင် ပုန်းအောင်နေထိုင်သည့်အိမ်ကို အချိန်တိုအတွင်း ဝင်ရောက်စီနင်းကာ ကျည်ဆံ ၁၂ တောင့်သာသုံး၍ အိုစမာဘင်လာဒင်လာဒင်ကို အသေဖမ်းဆီးခဲ့သည်။ ခေတ်မီနောက်ဆုံးပေါ် စစ်လက်နက်များ၊ သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ်များ၊ ဆက်သွယ်ရေး နည်းစနစ်များကို အသုံးပြုခဲ့သော အဆိုပါ ဆီးလ်တပ်စုသည် ဤစစ်ဆင်ရေးအပြီး လူပြောအများဆုံး ဖြစ်လာခဲ့သလို အိုစမာဘင်လာဒင်သည် ပါကစ္စတန်တွင် ရှိနေခြင်းအတွက် မေးခွန်းထုတ်စရာများစွာ ပေါ်ပေါက်လာခဲ့သည်။ ယခုစာအုပ်တွင် ထိုစစ်ဆင်ရေးအကြောင်းနှင့်တကွ ဆီးလ်တပ်စု ၆ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ ထိုတပ်စုကို ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် အထူးလေ့ကျင့် သင်တန်းပေးထားပုံ၊ ရန်သူကို အထိနာအောင်လုပ်ရာတွင် ကမ္ဘာပေါ်တွင် အတော်ဆုံး တပ်ဖွဲ့ဝင်များဟု ကျော်ကြားပုံ၊ သူတို့ကို သင်တန်းပေးရန် ပဏာမ လူရွေးချယ်ရာ၌ လျှောက်ထားသူ ၁ ထောင်အနက် သင်တန်းတက်ခွင့်ရသူမှာ ၂ ရာသာရှိပုံ၊ သင်တန်းမှာ ခက်ခဲလွန်းလှသလို ကျွမ်းကျင်မှုစစ်ဆေးရာတွင် အဆင့်ဆင့် အထပ်ထပ် အခါခါ စစ်ဆေး၍ သင်တန်းအောင်သူ ၁ ယောက်မျှ မရှိပုံ၊ အမေရိကန်စစ်ဘက်တွင် အကြမ်းတမ်းဆုံးသင်တန်းဟု ကျော်ကြားပုံ၊ အိုစမာဘင်လာဒင်၏ သမိုင်းကြောင်း၊ အစ္စရေးကို အမေရိကန်တို့ အားပေးနေခြင်းကြောင့် အမေရိကန်ကို မုန်းတီးခဲ့ပုံ၊ သူသည် ထိုစဉ်က ဆိုဗီယက်တို့ သိမ်းပိုက်ထားသော အာဖဂန်နစ္စတန် လွတ်မြောက်ရေးအတွက် ငွေအား လူအားဖြင့် ကူညီအားပေးရာမှ စစ်ပွဲအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လာပုံ၊ အာဖဂန်နစ္စတန်မှ ဆိုဗီယက်တို့ ဆုတ်ခွာပြီးနောက် သူ၏ ပစ်မှတ်သည် အမေရိကန်ဖြစ်လာပုံ၊ 911 အရေးအခင်းကို သူမည်သို့ ကြိုးကိုင်ခဲ့ပုံ၊ အဆိုပါ အရေးအခင်းတွင် သူ့နှင့်အတူ ပါဝင်ခဲ့သည့် အခြားအယ်လ်ကေဒါခေါင်းဆောင်များ၊ ထိုအရေးအခင်းကြောင့် အာဖဂန်နစ္စတန်သည် အမေရိကန်တို့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး သူသည် ထွက်ပြေးပုန်းအောင်ခဲ့ရပုံ၊ နောက်ဆုံးတွင် သူ၏မိသားစုဆရာဝန် ဇဝါဟီရီမှတစ်ဆင့် သူ့ကို ခြေရာခံမိခဲ့ပုံ၊ သူ့ကို ဖမ်းဆီးမိရန်အတွက် နှစ်အတော်ကြာ စုံစမ်းအတည်ပြုခဲ့ရပုံနှင့် စစ်ဆင်ရေး၏ အစအဆုံးမြင်ကွင်းများကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|