|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဝိနိစ္ဆယစကားဝိုင်း (အတွဲ ၁)
-
-
Author(s):
ဝင်းအောင်ကြည်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 139
- Binding: Paperback
- Publication Month Year: Sep-2012
- Size: 12 cm x 18 cm
|
- Description: ထေရဝါဒကျမ်းဂန်တို့နှင့် မညီညွတ်၍ နိုင်ငံတော်က အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ထားသော ဝိပဿနာဆိုင်ရာ အယူအဆများကို ဝိနိစ္ဆယတစ်ခုချင်းစီအလိုက် ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်သည်။ ထိုဝါဒတို့၏ ဝိပဿနာဆိုင်ရာ အယူအဆတို့မှာ ထေရဝါဒ ပိဋကတ်နှင့် မညီညွတ်ခြင်း၊ ကျင့်သုံးသူ ဗုဒ္ဓဘာသာဝင်များ၏ လမ်းမှန်ကို ပိတ်ပင်ရာရောက်ခြင်းတို့ကြောင့် သက်ဆိုင်ရာ ဝိနည်းဓိုရ်အဖွဲ့များက အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ယခုစာအုပ်ပါ ဆောင်းပါးများတွင် ထိုဝါဒများအကြောင်း၊ သက်ဆိုင်ရာ ဝိနည်းဓိုရ်အဖွဲ့များ၏ သုံးသပ် ဆုံးဖြတ်ပုံသာမက ဓမ္မမိတ်ဆွေများအတွက် သိသင့်သိထိုက်သော ဝိပဿနာဆိုင်ရာ အချက်အလက်များ၊ ဆက်စပ်နှီးနွယ်နေသည့် ကျမ်းဂန်အဆိုအမိန့်များကိုပါ ထည့်သွင်းဖော်ပြပေးထားသည်။ ထို့ကြောင့် ဤစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် ခိုင်မာသည့် ကျမ်းဂန်အထောက်အထားများကို ရရှိနိုင်သည့်အပြင်၊ အဓမ္မဝါဒီတို့၏ စရိုက်အမူအကျင့်နှင့် လှည့်စားပုံ လှည့်စားနည်းများကိုပါ သိရှိသွားနိုင်မည်ဖြစ်သည်။ ယခု အတွဲ ၁ တွင် ကျောက်သင်္ဘောဝါဒနှင့် လူသေလူဖြစ်ဝါဒါနုဝါဒအကြောင်းများ ပါရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|