|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြောက်ကိုရီးယား ကွန်မန်ဒိုများ၏ အာဇာနည်ဗိမ္မာန် ဗုံးဖောက်ခွဲမှု
-
-
Author(s):
ကောင်းထက်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 296
- Binding: Paperback
- Publication Month Year: Dec-2012
- Size: 13 cm x 19 cm
|
- Description: ကိုရီးယားကျွန်းစွယ်၏ သမိုင်းကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီး မြောက်နှင့် တောင်ဟူ၍ နှစ်နိုင်ငံ ကွဲသွားပုံ၊ ၁၉၈၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ သမ္မတအဖြစ် ချန်ဒူးဝမ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပုံ၊ မြောက်ကိုရီးယားနိုင်ငံ၏ သမ္မတအဖြစ် ၄၆ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့သည့် ကင်မ်အီလ်ဆွန်းအကြောင်း၊ ကင်မ်သည် အာဏာရှင်စနစ်ကို ထူထောင်ရင်း တောင်ကိုရီးယားနိုင်ငံကို ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပုံ၊ ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဂါဝရပြုမည့် တောင်ကိုရီယားသမ္မတ ချန်ဒူးဝမ်ကို ဗုံးခွဲလုပ်ကြံသတ်ဖြတ်ရန် သူ၏ မြောက်ကိုရီးယား အထူးလေ့ကျင့်ရေးတပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ ဇင်မို၊ ဗိုလ်ကြီးအဆင့်ရှိ ကင်မင်ချူးနှင့် ဆင်ကီချူးလ်တို့ကို ရန်ကုန်သို့ ရေကြောင်းလမ်းမှတဆင့် စေလွှတ်ခဲ့ပုံ၊ ကွန်မန်ဒို သုံးဦးသည် သူတို့ဗုံးထောင်မည့် အာဇာနည်ဗိမာန် ပတ်ဝန်းကျင်နှင့် ဝင်လမ်းထွက်လမ်းများကို အချိန်ပေးလေ့လာပြီးမှ မည်သို့ ဝင်ရောက်ကာ ဗုံးထောင်ခဲ့ပုံ၊ ဗုံးကြောင့် တောင်ကိုရီးယား ဒုဝန်ကြီးချုပ်အပါအဝင် ကိုရီးယားအဆင့်မြင့်အရာရှိကြီး ၁၇ ဦးသေဆုံးခဲ့ပုံ၊ ဗုံးကွဲပြီးနောက် မြောက်ကိုရီးယား ကွန်မန်ဒိုများသည် လူစုခွဲ၍ ရန်ကုန်မြစ်ဝကို စုရပ်အဖြစ်ထားကာ ထွက်ပြေးရန်ကြိုးစားစဉ် အဖမ်းခံခဲ့ရပုံ၊ အဖမ်းခံခဲ့ရပြီးနောက် တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရပုံနှင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပုံများကို ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။ ထို့ပြင် ထိုစဉ်က သတင်းစာများတွင် ဖော်ပြခဲ့သည့် သတင်းမှတ်တမ်းများကိုပါ မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|