|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ၈၈ အရေးအခင်းအပြီး နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်နှစ်ရှည်များစွာ ကျခံခဲ့ရသူ NLDမှ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ထောင်အတွေ့အကြုံမှတ်တမ်း စာအုပ်ဖြစ်သည်။ ထောင်တွင်း၌ သွားတစ်ချောင်းမျှ မရှိတော့သည့်အထိ စစ်ထောက်လှမ်းများ၏ ညှင်းပမ်းနှိပ်စက်မှုကို ခံခဲ့ရသည့် ဦးဝင်းတင်သည် ၁၉၉၈ ခုနှစ်အထိ သွားပြန်စိုက်ခွင့်မရခဲ့ဘဲ ထောင်ထမင်းကြမ်းကို သွားတစ်ချောင်းမျှမရှိ၊ သွားဖုံးအိအိဖြင့် ဝါးခဲ့ရသည်ဟု ဆိုသည်။ ထိုမျှမက ထောင်တွင်း၌ နှစ် ၂ဝ ခန့်နီးပါး တစ်ကောင်ကြွက်လို တိုက်ပိတ်ခံခဲ့ရသည့်အပြင် ထောင်တွင်း၌ စိတ်ပိုင်းဆိုင်ရာအရပါ နည်းမျိုးစုံဖြင့် နှိမ်ချိုးခြင်းကို ခံခဲ့ရသည်။ သို့သော် ဦးဝင်းတင်သည် စိတ်ဓာတ်မပြိုလဲဘဲ သူယုံကြည်ရာကို ဆက်လက်တိုက်ပွဲဝင်ခဲ့ရာ ၂ဝဝ၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ ယခုဆောင်းပါးများသည် အကျဉ်းထောင်မှ လွတ်ပြီး သူပထမဆုံး ရေးသားခဲ့သည့် ဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ ဦးဝင်းတင်နှင့် သူရေးသားသည့် ဤစာအုပ်အပေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က အမှာစာရေးပေးထားရာ ၎င်းနှင့် စာအုပ်၏ မာတိကာကို ဖော်ပြလိုက်ပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|