|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ညှို့ငင်တောင်
-
-
Author(s):
ငြိမ်းအေးအိမ်
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 258
- Binding: Paperback
- Publication Month Year: Dec-2012
- Size: 16 cm x 24 cm
|
- Description: အရှေ့တောင်အာရှနိုင်ငံများအနက် သဘာဝအလျောက် ဆီးနှင်းများ ကျရောက်ဖုံးလွှမ်းနေသည့် တစ်ခုတည်းသော ဒေသဖြစ်သည့် ကချင်ပြည်နယ်ရှိ အီမောဘွမ်တောင် (Mt. Imaw Bum, 26 Degree 10'00"N, 98 Degree 28'00"E) အကြောင်းကို အသေးစိတ် လေ့လာတင်ပြထားသော စာအုပ်ဖြစ်သည်။ သက်ရှိဝန်းကျင်အဖွဲ့နှင့် ဇီဝမျိုးစိတ်များ ပေါကြွယ်ဝလှသည့်အပြင် Sino Himalayan နှင့် Indo-Malayan တို့၏ အကူးအပြောင်းဧရိယာဖြစ်သည်ဟု ပညာရှင်များ၏ လက်ခံထားခြင်းကို ခံခဲ့ရသည် အဆိုပါတောင်သည် ဆောင်းတစ်ရာသီလုံးမှ မိုးဦးကျသည်အထိ ဆီးနှင်းများ ဖုံးအုပ်ထားလေ့ရှိသဖြင့် ကချင်ပြည်နယ် အရှေ့ဖျားအတွက် နှင်းဝတ်ရုံကို ဝတ်ဆင်ထားသည့် ဒဏ္ဍာရီထဲက နတ်သမီးတစ်ပါးဟုပင် တင်စားခြင်း ခံခဲ့ရသည်။ ခြေရင်းတွင် ငေါ့ချမ်းခချောင်း၊ အနောက်ဘက်တွင် မေခမြစ်၊ အရှေ့ဘက်မလှမ်းမကမ်း၌ မြစ်သံလွင် ရှိနေရုံသာမက အဆိုပါဒေသသည် ဧရာဝတီမြစ်၏ မြန်မာ့ရေဦး ရေဖျားဒေသတစ်ခုလည်းဖြစ်သည်။ အဆိုပါဒေသသို့ ကိုယ်တိုင်သွားရောက် သုတေသနပြု လေ့လာခဲ့သူ စာရေးသူက ၎င်းဒေသ၏ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးသမိုင်းကြောင်း၊ ၎င်းဒေသတွင် နေထိုင်ကြသော လော်ဝေါ်၊ လာချိဒ်၊ လီဆူနှင့် ရဝမ်လူမျိုးများ၏ စားဝတ်နေရေး, ယဉ်ကျေးမှု, စီးပွားရေး, ဓလေ့ထုံးစံများ၊ ကိုးကွယ်ရာ ဘာသာများအကြောင်း၊ လမ်းပမ်းဆက်သွယ်ရေး၊ ကိုလိုနီခေတ်က နိုင်ငံခြားသားများ အဆိုပါဒေသသို့ ရောက်ရှိရှိခဲ့စဉ်က မှတ်တမ်းတင်ခဲ့သည်များ၊ မပျက်စီးသေး သဘာဝပတ်ဝန်းကျင်မြင်ကွင်းအကြောင်းတို့ကို မှတ်တမ်းတင်ဓာတ်ပုံများစွာနှင့်တကွ ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင် ဖော်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|