|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းတွင် တစ်နှစ်ကျော်ကြာအောင် အပတ်စဉ်ဖော်ပြပါရှိခဲ့သည့် စာရေးသူ၏ အခန်းဆက်ဆောင်းပါး ၅၂ ပိုင်းကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ စာရေးသူသည် ၈၈ အရေးအခင်းကာလပြီးနောက် မြန်မာပြည်တောင်ပိုင်း ထိုင်းနယ်စပ် မင်းသမီးစခန်းသို့ ရောက်ရှိလာကာ မကဒတ (ကျောင်းသားတပ်မတော်) (ABSDF) တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့နောက် DVD အသံလွှင့်ဌာန၌ တာဝန်ယူလှုပ်ရှားခဲ့သည်။ ယခုစာအုပ်တွင် ၁၉၈၈ ခုနှစ်မှသည် ၂ဝဝဝ ခုနှစ်အထိ သူ၏ ကျောင်းသားဘဝ၊ ရှစ်လေးလုံး ဒီမိုကရေစီတိုက်ပွဲ၊ စစ်အစိုးရကို ဖြုတ်ချရန်အတွက် ထားဝယ်, မော်လမြိုင်, မင်းသမီး, ဘုရားသုံးဆူ, မာနယ်ပလော, ဒေါင်းဂွင်, ထပ်စကဲ ဒေသများတွင် လှုပ်ရှားခဲ့ပုံများ၊ ဒီအေဘီ၊ မကဒတ ညီလာခံများအကြောင်း၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်များ၏ ဘဝ၊ အခက်အခဲ၊ စွန့်လွှတ်အနစ်နာခံမှုများကို အသေးစိတ် မှတ်တမ်းတင်ရေးသားထားခြင်းဖြစ်သည်။ သူ၏ ဘဝဖြစ်စဉ်နှင့်အတူ ၈၈ အရေးတော်ပုံမှ မွေးဖွားလိုက်သော ကျောင်းသားတပ်မတော်၏ ကောက်ကြောင်းတစ်စ (သို့မဟုတ်) သမိုင်းတစ်စိတ်တစ်ပိုင်းကို ဤစာအုပ်မှတဆင့် လေ့လာသိရှိကြရမည် ဖြစ်သည်။ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက အမှာစာရေးပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|