|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ယခင်က လေသူရဲတစ်ဦးဖြစ်သော်လည်း “အညို”ဆိုသော မိုးကုတ်သူနှင့် အကြောင်းပါပြီးနောက် ကျောက်မျက်လောကသို့ ဝင်ရောက်ကျင်လည်ခဲ့သူ၊ လက်ရှိတွင်လည်း ကျောက်မျက်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသူ စာရေးသူက သူလေ့လာမိသည့် မိုးကုတ်ပတ္တမြားမြေ၏ သမိုင်းကြောင်း၊ ရှေးဘုရင်လက်ထက်မှ စတင်ကာ ယနေ့အချိန်အထိ ကျောက်မျက်များကို မည်သို့ တူးဖော်ခဲ့ကြပုံ၊ မိုးကုတ်မှထွက်ရှိသည့် ကျောက်မျက်ရတနာများအကြောင်း၊ မိုးကုတ် ကျောက်မျက်ရတနာများနှင့် ပတ်သက်သည့် ဗဟုသုတများ, အခေါ်အဝေါ်များ၊ မိုးကုတ်ရှိ ကျောက်မျက်ရတနာထွက်ရှိရာ ဒေသများအကြောင်း၊ မိုးကုတ်သားတို့ ကျောက်ကိုင်ပုံ၊ ထုတ်ပုံများကို မြန်မာ့ဓနမဂ္ဂဇင်းတွင် ဆောင်းပုဒ်အပုဒ်ရေ (၄ဝ) ခွဲ၍ ၃ နှစ်ကျော်ကြာ ရေးသားခဲ့ရာ ၎င်းတို့ကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ ကျောက်မျက်ရတနာနှင့် မကင်းသူတိုင်း၊ အသက်မွေးဝမ်းကျောင်းပြုသူတိုင်းအတွက် ကိုးကားစရာ စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|