|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- နိုင်ငံခြားရေးဝန်ကြီး (The Secretary)
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 199
- Binding: Paperback
- Publication Month Year: Sep-2013
- Size: 18 cm x 18 cm
|
- Description: အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဟီလာရီ တာဝန်ယူခဲ့စဉ်က နိုင်ငံခြားခရီးစဉ်များကို လေးနှစ်လုံးလုံး ပါဝင်ခွင့်ရရှိခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းစာဆရာမ Kim Ghattas ရေးသားသည့် “The Secretary” စာအုပ်ကို စာရေးဆရာဟိန်းလတ်က ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ “ဘီလ်ကလင်တန်”၏ ဇနီး သမ္မတကတော်၊ ထို့နောက် ဆီးနိတ် လွှတ်တော်အမတ်၊ ထို့နောက် အိုဘားမားနှင့်အတူ သမ္မတအဖြစ် ယှဉ်ပြိုင်အရွေးခံသူ သမ္မတလောင်၊ သမ္မတအိုဘားမားလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထူးချွန်ထက်မြက်စွာ တာဝန်ထမ်းဆောင်ခဲ့သူ “ဟီလာရီကလင်တန်”အကြောင်းနှင့်အတူ အမေရိကန်နိုင်ငံရေးစနစ်အကြောင်း၊ ၂၁ ရာစု၏ စူပါပါဝါနိုင်ငံ မည်သည့်နိုင်ငံဖြစ်မလဲ သုံးသပ်ချက်၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အမေရိကန်ပါဝါ၏ အဆင့် အစရှိသည်တို့ကိုပါ ထည့်သွင်းရေးသားထားသည်။ ဘာသာပြန်ဆိုသူက အမှာစာရေးပေးထားရာ၌ “ ... နူးညံ့ပျော့ပျောင်းသော ကိုယ်ချင်းစာတရားပြည့်ဝသည့် သူ၏ နှလုံးသားပုံရိပ်များကို တော့ အကဲဖြတ်ရ ခက်ကောင်းခက်နေမည်။ ဤစာအုပ်တွင် “ဟီလာရီ”၏ ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများကိုပါ ထည့်သွင်းရေးသားထားကာ ၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတလောင်း “ဟီလာရီကလင်တန်”၏ အနေအထားကို ရိပ်ဖမ်းသံဖမ်း ထင်ဟပ်ပြထားပါသည်။ ... ”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|