|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: တက္ကသိုလ် မြန်မာစာဆရာအဖြစ် နှစ် ၄ဝ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ စာရေးသူသည် သူကျောင်းသားဘဝက သူ့အား ပညာသင်ကြားပေးခဲ့သော ဆရာ, ဆရာမများအကြောင်း၊ မြန်မာစာဆရာဘဝ၌ သူသင်ကြားပို့ချပေးခဲ့သော တပည့်များအကြောင်း၊ သူ့ခေတ် သူ့အခါက သင်ကြားရေးကိစ္စများ၊ စာမေးပွဲကိစ္စများ၊ သဘောထား ခံယူချက်များ၊ ကျင့်သုံးဆောင်ရွက်နေပုံများ အစရှိသည်ဖြင့် မြင်ရ ကြားရ ကြုံတွေ့ရသော အကြောင်းအရာများကို ဆောင်းပါးများအဖြစ် ရေးသားခဲ့သည်။ ယခုစာအုပ်သည် ထိုအကြောင်းအရာများပါဝင်သည့် ဆောင်းပါး ၄၆ ပုဒ်စုစည်းမှု စာအုပ်ဖြစ်သည်။ စာရေးသူက အမှာစာရေးပေးထားရာ၌ “ ... ယနေ့ ပညာရည်မြင့်မားရေးအတွက် အဘက်ဘက်က အားတက်သရော ဆွေးနွေးဆောင်ရွက်နေကြချိန်တွင် ကျောင်းဆရာတစ်ယောက်အဖြစ် ပညာဖြင့် အသက်မွေးခဲ့သော ကျွန်တော်၏ အတွေ့အကြုံများသည် သင်ကြားပို့ချနေသော ဆရာ ဆရာမများနှင့် သင်ကြားပို့ချမှု ခံယူသော ကျောင်းသားကျောင်းသူများ၏ စေတနာ၊ ခံယူချက်သဘောထား၊ ကျင့်သုံးဆောင်ရွက်မှု၊ အားထုတ်လုပ်ဆောင်မှုတို့နှင့် ပတ်သက်၍ ကောင်းရာကောင်းကြောင်း ထည့်သွင်းစဉ်းစားစရာများ ပေးတန်သလောက် ပေးနိုင်လိမ့်မည်ဟူသော ခံယူချက်ဖြင့် ဤဆောင်းပါးများကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ... ”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|