|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဆေးပညာ မဟာသိပ္ပံဘွဲ့ (မျက်စိရောဂါပညာ)ကို ရရှိပြီးနောက် ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံကြီးတွင် မျက်စိဆရာဝန်အဖြစ်လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းများတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ စာရေးသူက မျက်စိအခမဲ့ကုသရေးခရီးစဉ်များအဖြစ် မြန်မာပြည်အနှံ့သို့ သွားရောက်ကွင်းဆင်းကုသခဲ့စဉ်က ရရှိခဲ့သည့် ခရီးသွားအတွေ့အကြုံများ၊ မျက်စိရောဂါ ပညာပေး ဗဟုသုတများကို “မြကြာငုံ” ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ ယခုစာအုပ်သည် ထိုဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ မျက်စိဆရာဝန်များ၏ မျက်စိဝေဒနာရှင်များအပေါ် ထားသည့် မေတ္တာ၊ စေတနာ၊ ကရုဏာများနှင့် မျက်စိဝေဒနာရှင်များ၏ ပီတိကိုပါ ဆောင်းပါးများတွင် ဖတ်ရှုခံစားကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|