|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: တစ်ချိန်က နိုင်ငံတော်အတွက် စစ်အင်္ဂါ (၄) ပါးတွင် တစ်ပါးအပါအဝင် ဖြစ်ခဲ့သလို အနုပညာပိုင်းတွင်လည်း “ကနုတ် နာရီ ကပီ ဂဇာ” ၄ ကဏ္ဍတွင် တစ်ကဏ္ဍ အပါအဝင် ဖြစ်ခဲ့သည့် “ဆင်”နှင့် ပတ်သက်၍ ရှေးဟောင်းစာပေ သုတေသီတစ်ဦး အမည်ခံ စာရေးသူသည် မြန်မာမှုဗိမာန်စာပေဘဏ်၏ သုတေသီလက်စွဲစာတွဲများတွင် ၁၉၈၁ ခုနှစ်အတွင်းက “မြန်မာ့ နန်းသုံးဆင် (မြန်မာမှုအစဉ်အလာနှင့် ဆင်ရတနာ)” စာတွဲ ၅ တွဲကို အမှတ်စဉ် ၆၁ / ၆၂ / ၆၃ / ၆၄ / ၆၅ အဖြစ် ပြုစုခဲ့သည်။ ၎င်းစာတွဲ ၅ တွဲခေါင်းစဉ်မှာ ဆင်ကောင်းလက္ခဏာ၊ ကျမ်းဂန်လာဆင်၊ ထူးမြတ်သည့်ဆင်၊ မင်းမှုထမ်းဆင်၊ ပါပလက္ခဏဆင်တို့ဖြစ်ကြပြီး စာအုပ်တွင် ပေပုဂပိုက်များ၌ တိမ်မြုပ်ငုတ်ကွယ်နေသည့် ရှေးဟောင်းအမှတ်အသားများနှင့် ဆင်ရုပ်ပုံပဒေသာတို့နှင့်အတူ စေတီပုထိုးများ၏ အတွင်းနံရံများပေါ်တွင် မှတ်တမ်းတင်ထားသည့် ပန်းချီပုံများကိုပါ စုစည်းထုတ်ဖော်တင်ပြထားသည်။ ယခုစာအုပ်သည် ယခင်အကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်ကို ပိုမိုပြည့်စုံအောင် ခေါင်းစဉ် ၁၁ ခုအထိ တိုးချဲ့ဖြည့်စွက်၍ ထုတ်ဝေထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|