|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: အရှေ့တောင်အာရှတွင် ရေခဲဖုံးလွှမ်းရာတောင်များအဖြစ် တစ်နေရာတည်းတွင်သာ တွေ့ရှိနိုင်သော ကချင်ပြည်နယ်မြောက်ဖျားတွင် ကမ္ဘာလှည့်ခရီးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇနှင့် အဖွဲ့ဝင် (၃) ဦး၊ လေယာဉ်မှူး (၂) တို့သည် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် အဆိုပါရေခဲတောင်များသို့ ကိုယ်ပိုင်ရဟတ်ယာဉ်ဖြင့် သွားရောက်လေ့လာခဲ့ကြသည်။ သူတို့အဖွဲ့သည် အမြင့်ပေ ၁၅၁ဝဝ ရှိသော မဒွယ်ရေခဲတောင်ထိပ်မှ နတ်ရေကန်အရောက် ရေခဲတောင်ပေါ်သို့ ရဟတ်ယာဉ်ဆင်းသက်ရန်နားကြိုးပမ်းစဉ် ရဟတ်ယာဉ်ပျက်ကျခဲ့ရာ ကံကောင်းထောက်မ၍ လူအသေအပျောက်မရှိခဲ့ပေ။ သို့သော် သူတို့တွင် အနွေးထည်လုံလုံလောက်လောက်မပါ၊ ရိက္ခာဟူ၍ သကြားလုံး, ချော့ကလက် (၇) တောင့်၊. ရေသန့်ဗူး (၃) ဗူးသာ ပါရှိခဲ့သည်။ သူတို့သည် မြစ်ကြီးနားသို့ ခြေလျင်ခရီးဖြင့် တောင်ပေါ်မှ ပြန်ဆင်းခဲ့ကြရာ သုညဒီဂရီအောက် အနှုတ် (၁၄) (၁၅) ဒီဂရီခန့်ရှိသော အအေးဒဏ်အောက်တွင် ၃ ညနှင့် ၄ ရက်တိုင်တိုင် အကူအညီမဲ့ ဖြတ်သန်းခဲ့ကြရသည်။ ကယ်ဆယ်ရေးအဖွဲ့နှင့် ချိတ်မိချိန်၌ အားလုံးမသေမပျောက်ခဲ့ကြသော်လည်း ရေမသောက်ရ၍ ရေဓာတ်များဆုံးရှုံးခြင်းတို့ကြောင့် ကိုယ်ခန္ဓာများမှာ မူလအခြေအနေမှ ပျက်ယွင်း၍ သေမလောက်နီးပါး ခံစားခဲ့ကြရသည်။ အဆိုးဆုံးမှာ ရဟတ်ယာဉ်ကပ္ပတိန်မောင်မောင်သန်းဖြစ်ပြီး သူသည် နှင်းကိုက်ခြင်းဝေဒနာကြောင့် ခြေထောက်နှစ်ဖက် ဖြတ်ခဲ့ရသည် ဖြစ်ခဲ့ရသည်။ ယခုစာအုပ်သည် ဦးတေဇတို့အဖွဲ့၏ သေရွာပြန်ခရီး အစအဆုံးကို စာရေးဆရာ လယ်တွင်းသားစောချစ်က သူတို့၏ ပြောပြချက်များကို မှီးကာ အသေးစိတ် မှတ်တမ်းတင်ရေးသားထားခြင်း ဖြစ်သည်။ ဖတ်ရှုရရန် ခက်ခဲလှသော ရေခဲတောင်ပေါ်အတွေ့အကြုံများကို ဓာတ်ပုံများနှင့်တကွ စိတ်ဝင်စားဖွယ် မှတ်တမ်းတင် ရေးသားထားနိုင်သည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|