|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကမ္ဘာ့ဘာသာ ယုံကြည်ကိုးကွယ်မှုများအား နှိုင်းယှဉ်လေ့လာချက် (A Comparative Study of Religions)
-
-
Author(s):
အငြိမ်းစားသာသနာရေးမှူးတစ်ဦး
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 863
- Binding: Paperback
- Publication Month Year: Feb-2014
- Size: 15 cm x 21 cm
|
- Description: အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ပတ္တနားမြို့ မဂဓတက္ကသိုလ်၊ ဒဿနိကဗေဒဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာဝိုင်. မဆစ် (Dr. Y.Masih) ရေးသားသည့် A Comparative Study of Religions စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မူရင်းစာရေးသူသည် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ကမ္ဘာ့ဘာသာကြီးများအကြောင်းကို နှစ်ပေါင်း (၅ဝ) ခန့် စိတ်ပါဝင်စားစွာ လေ့လာခဲ့ပြီးမှ ဤစာအုပ်ကို ရေးသားပြုစုထားခြင်း ဖြစ်သည်။ ဇိုရိုအာရီးယားဘာသာ (ဝါ) ပါစီဘာသာ၊ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ဆစ်ခ်ဘာသာတို့၏ စတင်ဖြစ်ထွန်းလာပုံနှင့် အနှစ်သာရများကို စာအုပ်တွင် စနစ်တကျရေးသားရှင်းလင်းထားသည်ကို တွေ့ရသည်။ ထို့ပြင် ကမ္ဘာ့ဘာသာကြီးများ၏ အဓိကကျသော ခံယူချက်၊ ပန်းတိုင်၊ ဝတ်ပြုပူဇော်ပုံနှင့် သမာဓိဆောက်တည်ပုံများ၊ အိန္ဒိယဘာသာရေး ယုံကြည်ချက်များနှင့် နှိုင်းယှဉ်ချက်၊ ဂျိန်းဘာသာနှင့် ဗုဒ္ဓဘာသာ နှိုင်းယှဉ်ချက်၊ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာနှိုင်းယှဉ်ချက်များ၊ ဘာသာယုံကြည်ကိုးကွယ်မှုများ တစ်ခုနှင့် တစ်ခု ပဋိပက္ခဖြစ်ဖွယ် ရေးသားဖော်ပြချက်၊ အပါအဝင် ကမ္ဘာ့ဘာသာကြီးများအကြောင်း စိတ်ဝင်စားသူတိုင်း သိလိုကြသည့် ဆက်စပ်အကြောင်းအရာများကိုပါ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားသည်ကို တွေ့ရသည်။.
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|