|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဟန်ပြဒီမိုကရေစီအစိုးရအဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် နိုင်ငံရေး အနုပညာ အတွေးအမြင်ဆောင်းပါးများ (ဟံသာဝတီဦးဝင်းတင်ကို ဂုဏ်ပြုထုတ်ဝေသည်။)
-
-
Author(s):
နေဝင်းစံ
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 202
- Binding: Paperback
- Publication Month Year: Jul-2014
- Size: 15 cm x 22 cm
|
- Description: ၁၉၆ဝ - ၁၉၆၂ ခုနှစ်တွင် ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ (ရ.က.သ)တွင် အမှုဆောင်အဖြစ် အရွေးချယ်ခံရသူ၊ ၁၉၆၉ ခုနှစ်တွင် အထိန်းသိမ်းခံရပြီး ၁၉၇ဝ ခုနှစ်၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူ စာရေးသူက သူရေးသားခဲ့သည့် မြန်မာ့နိုင်ငံရေးဆက်နွယ်နေသည့် ဆောင်းပါး (၂၇) ပုဒ်ကို စုစည်းကာ စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ဟံသာဝတီဦးဝင်းတင်နှင့် မြန်မာစာ ဦးသိန်းလွင်တို့က အမှာစာရေးပေးထားကြသည်။ ဟံသာဝတီဦးဝင်းတင်က အမှာစာရေးပေးထားရာ၌ “ ... သူ့ဆောင်းပါးတွေက အနုပညာနှစ်ထပ်ကွမ်း ဆောင်းပါးတွေဖြစ်တယ်လို့ဆိုရင် ကဲလွန်ရာရောက်မယ်။ ဒါပေမယ့် အနုပညာတင်စားတဲ့ နိုင်ငံရေးချင်းရာထုပ္ပတ်လူတို့ဇာတ်တွေကို ပတ်နပ်လိမ္မာ အနုပညာမြောက်စွာ ရေးဖွဲ့ထားတယ်လို့ဆိုရင် လွန်ရာကျမယ် မထင်ပါဘူး။ ဆောင်းပါးတိုင်းလိုလို အချက်အလက်စုံတယ်။ ကြောင်းကျိုးဆက်နွယ်တယ်။ ကောက်ချက်ယုတ္တိခိုင်တယ်။ စာရေးသူရဲ့ အာရုံမြှုပ်နှံ သန္တာန်ပြဋ္ဌာန်းမှုတွေကိုလည်း သီးသီးသန့်သန့်တွေ့ရတယ်။ ... ”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|