|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- နိုင်ငံတော် အကျဉ်းသား (Prisoner of the State) (The Secret Journal of Premier Zhao Ziyan)
-
-
Author(s):
ဘုန်းကြွယ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 380
- Binding: Paperback
- Publication Month Year: Jan-2015
- Size: 15 cm x 24 cm
|
- Description: တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ကျောက်ကျိယန် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရစဉ်အတွင်း လျှို့ဝှက်အသံသွင်းထားသည့် တိတ်ခွေများကို ပြည်ပသို့ ခိုးထုတ်ပြီး သူကွယ်လွန်ချိန်မှ အင်္ဂလိပ်စာဘာသာဖြင့် ရေးသားထားသော စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ အသက် (၄၆) ခုနှစ်၌ ကွမ်တုန် ပြည်နယ်ပါတီအကြီးအကဲဖြစ်လာပြီး ပြည်နယ်များတွင် အထင်ကြီးလောက်အောင် အလုပ်နှင့် သက်သေပြနိုင်သဖြင့် ပေကျင်းသို့ခေါ်ဆောင်ခြင်း ခံရကာ စီးပွားရေးဆိုင်ရာများ ကိုင်ရာသော ဝန်ကြီးအဖြစ် ခန့်ထားတာဝန်ပေးခြင်း ခံရသူ၊ ထို့နောက် ကွန်မြူနစ်ပါတီ အကြီးအကဲဖြစ်လာသူ၊ တိန်အင်မင်ရင်ပြင် အရေးအခင်းတွင် တိန်ရှောက်ဖိန်က တင့်ကားများနှင့် နှိပ်နင်းသည်ကို ဆန့်ကျင်သဖြင့် ရာထူးမှ ဖြုတ်ချခံရကာ ဘဝနေဝင်ချိန်အထိ နေအိမ်အကျယ်ချုပ်ဘဝဖြင့် အထီးကျန် နေထိုင်သွားခဲ့ရသူ ကျောက်ကျိယန် (Zhao Ziyan)၏ ဘဝဖြစ်စဉ်ကို လူသိနည်းသေးသော ဖြစ်ရပ်များနှင့်အတူ အသေးစိတ် မှတ်တမ်းတင်ရေးသားထားသော စာအုပ်ဖြစ်သည်။ သူ၏ ဘဝအပြင် တိန်အန်မင် ဖြိုခွင်းမှု အသေးစိတ် အချက်အလက်များ၊ တရုတ်ထိပ်ပိုင်းခေါင်းဆောင်များကြား တစ်ယောက်ကို တစ်ယောက် အသာစီရရန် ကလိန်စေ့ငြမ်းဆင်ကြပုံများ၊ တရုတ်ပြည်တွင် ရေရှည်တည်ငြိမ်ရေးအတွက် ဒီမိုကရေစီကျင့်သုံးရန် လိုအပ်ပုံများ အပါအဝင် တရုတ်နန်းတွင်းးအရှုပ်တော်ပုံများကို ရှေ့ဆုံးတန်းမှ ကြည့်နေရသကဲ့သို့ ဤစာအုပ်တွင် ရင်တဖိုဖို အသည်းတလှပ်လှပ် ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|