|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- နေရီရီ
-
-
Author(s):
ပီမိုးနင်း
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 224
- Binding: Paperback
- Publication Month Year: Jun-2019
- Size: 13 cm x 19 cm
|
- Description: Charles Garvice ၏ Just a Girlကိုမှီး၍ ရေးသားထားသော ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ မှီးထားသည်ဆိုသောလည်း ထိုကာလ ခေတ်ပြိုင်ဝတ္ထုများ၌ မြန်မာ့စရိုက်နှင့် ညီညွတ်ခြင်း၊ မြန်မာ့လူ့အဖွဲ့အစည်း ပီပြင်ခြင်း၊ အရေးအသား ပြောင်မြောက်ခြင်းတို့အရ ပီမိုးနင်း၏ ဝတ္ထုများအကြောင်းပြောလျှင် နေရီရီသည် မပါမဖြစ်ပင်ဖြစ်သည်။ ခေတ်ပေါ်ဂန္ထဝင်စာရင်းမဝင်သော်ငြားလည်း မြန်မာဝတ္ထုပြုစုပျိုးထောင်ကြသော ရှေ့ဆောင်ရှေ့ရွက်ဝတ္ထုများတွင် နေရီရီသည် တစ်ပုဒ်အပါအဝင်ဖြစ်သည်။ “ကမ္ဘာ့ဝတ္ထုပုံစံ အရေးအဖွဲ့မျိုး ဖြစ်သဖြင့်တစ်ကြောင်း၊ အချစ်ဝတ္ထု ရိုးရိုးကိုပင် စိတ်ဝင်စားဖွယ် ရေးထားနိုင်သည်က တစ်ကြောင်း၊ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ဖန်တီးထားပြီး ဇာတ်ဆောင် သရုပ်ဖော်မှုတို့ကိုလည်း အာရုံပြုထားသည်က တစ်ကြောင်း၊ စေတနာ, မေတ္တာမှန်လျှင် တူသော အကျိုးခံစားရကြောင်း ဖော်ညွှန်းထားသည်က တစ်ကြောင်းတို့ကြောင့် ၂ဝ ရာစုဦးပိုင်းကာလ မြန်မာကာလပေါ် ရေစီကြောင်းတွင် နေရီရီသည် ကြီးမားသော အကွေ့အချိုးကြီး ဖြစ်ခဲ့သည်” ဟု မောင်ခင်မင် (ဓနုဖြူ)၊ ထင်လတ်၊ မလိခတို့က မှတ်ချက်ပြုထားကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|