|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပထမဆုံးစေလွှတ်ခြင်းခံရသော ပညာတော်သင်သုံးဦးအနက် တစ်ဦးဖြစ်သူ၊ ဗိုလ်ချုပ်အောင်ကြီး အပါအဝင် မဆလခေတ် ထိပ်တန်းစစ်ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ၊ ၁၉၇၂ ခုနှစ်၌ မြန်မာနိုင်ငံမှ အပြီးစွန့်ခွာခဲ့ပြီး အမေရိကန်နိုင်ငံတွင် အခြေခံနေထိုင်ခဲ့သူ ကြည်ဝင်းစိန် (Malcolm) ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် Me and The Generals of The Revolutionary Council စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ သူ၏ ငယ်ဘဝနှင့်တကွ ဗိုလ်ချုပ်နေဝင်းအပါအဝင် မြန်မာစစ်ခေါင်းဆောင်များအကြောင်း၊ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်ခဲ့မှု အခန်းကဏ္ဍ၊ ဗိုလ်ချုပ်နေဝင်း၏ အာဏာသိမ်းပွဲနောက်ကွယ်မှ ဖြစ်ရပ်များ၊ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးအခြေအနေ အစရှိသည်တို့ကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ စစ်အရာရှိတစ်ဦး၏ ဘဝဖြစ်စဉ်အနေဖြင့်သာမက သမိုင်းမှတ်တမ်းစာအုပ်အနေဖြင့်ပါ ဖတ်ရှုကိုးကားနိုင်မည့် အချက်အလက်များစွာ ပါရှိသည့် စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|