|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ပုံပြဇာတ်တော်ကြီးဆယ်ဘွဲ့ ပေါင်းချုပ် (အတွဲ ၂)
-
-
Author(s):
ပန်းချီကျော်ဖြူစံ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 1997
- Binding: Paperback
- Publication Month Year: Aug-2016
- Size: 19 cm x 27 cm
|
- Description: ဇာတ်တော်ကြီးဆယ်ဘွဲ့သည် ဗုဒ္ဓလောင်းလျာ ပါရမီရင့်ကျက်ခဲ့ပြီး ကာလအပိုင်းအခြား၌ ဖြစ်,ပျက် ကြုံဆုံခဲ့သည်များကို လောကကြောင်း၊ ဓမ္မကြောင်းဆိုင်ရာ လေးနက်သိမ်မွေ့မှုများနှင့်အတူ ရေးသားမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဇာတ်ကြီးဆယ်ဘွဲ့ကို လေ့လာခြင်းအားဖြင့် ဘုရားလောင်းတို့၏ သန့်ရှင်စင်ကြယ် ခိုင်ခန့်တည်ကြည်သော စိတ်ဓာတ်နှင့်တကွ ဆင်ခြင်သုံးသပ်တတ်မှု ဝေဖန်စိစစ်တတ်မှုတို့ကို သိရှိနားလည်စေမည် ဖြစ်သည်။ ထိုဇာတ်ကြီးဆယ်ဘွဲ့ကို ငယ်ရွယ်သူများနှင့် စာဖတ်အလေ့အကျင့်နည်းနေသူများ ဖတ်ရှုချင်စိတ် ဖြစ်ပေါ်လာစေရန်၊ အလွယ်တကူဖတ်ရှုနိုင်စေရန်၊ ဖတ်မိလျှင်လည်း စိတ်ဝင်စားမှု ရှိစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပန်းချီကျော်ဖြူစံသည် ဇာတ်ကြီးဆယ်ဘွဲ့ကို တစ်ဇာတ်ချင်းအလိုက် ရုပ်ပြဇာတ်လမ်းအဖြစ်ရေးဆွဲခဲ့ရာ ယခုစာအုပ်သည် ၎င်းတို့ကို စုစည်း၍ ၂ တွဲခွဲကာ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ ယခု ဒုတိယတွဲတွင် အသက်အရွယ်ကြီးမြင့်လာသလို ရင့်ကျက်ထက်မြက်လာသည့် မဟောသဓာ၊ ယုတ်မာလာသည့် ရန်သူများအပေါ် တန်ခိုးစွမ်းအားဖြင့် အနိုင်ယူခဲ့ည့် ထက်မြက်သည့် ဘူရိဒတ္တနဂါးမင်း၊ အသက်ကို ရန်ရှာခဲ့သည့် ခမည်းတော်အပေါ် အပြစ်မယူဘဲ မိဘကျေးဇူးသိတတ်ခဲ့သူ စန္ဒကုမာရမင်းသား၊ မင်္ဂလာတရား သုံးပါး၏ သာဓကအဖြစ် တွေ့ရှိနိုင်သည့် နာရဒဇာတ်၊ လူမင်း, နတ်မင်း, နဂါးမင်း, ဂဠုန်မင်း, ဘီလူးမင်းများ၏ အလယ်တွင် တရားစစ်နှင့် ဖက်ပြိုင်ချေမှုန်းခဲ့သူ ပညာရှိအမတ် ဝိဓူရ၊ ဒါနပါရမီ ရိုက်ခတ်မှုကြောင့် တွေ့ကြုံလာရသော လောကဓံကို ကြံ့ကြံ့ခံရင်း အံ့ဖွယ်ဆန်းကြယ်သည့် အလှူကြီးများ ပြုလုပ်ခဲ့သူ မင်းကြီးဝေဿန္တရာတို့အကြောင်းကို ရုပ်ပြဇာတ်လမ်းအဖြစ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|