|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ရှင်ပြု ရဟန်းခံ နည်းလမ်းမှန်
-
-
Author(s):
ဘိုကလေးအရှင်ပဏ္ဍိတ (မော်ကျွန်း)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 80
- Binding: Paperback
- Publication Month Year: Mar-2018
- Size: 12 cm x 19 cm
|
- Description: လူ့ဘဝထက် ရှင်ရဟန်းဘဝသည် နိဗ္ဗာန်မျက်မှောက်ပြုဖို့အရေး နီးစပ်ကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိမြင်ကြ၏။ သို့သော် ရှင်ရဟန်းဘဝတွင် လိုက်နာရမည့် ဝိနည်းစည်းကမ်းများကို မလိုက်နာပါက အာပတ် (အပြစ်) ဖြစ်ကာ နိဗ္ဗာန်မရောက်တော့ဘဲ အပါယ်သို့ ကျရောက်တတ်ပုံကို ဤစာအုပ်က သတိပေးနှိုးဆော်ထားသည်။ ရှင်ပြုသင့်သည့် အသက်အရွယ်၊ ဆရာကောင်းထံ အပ်နှံဖို့ အရေးကြီးပုံ၊ ကမ္မဋ္ဌာန်းရွတ်ဆို ခေါင်းရိတ်ဆံချခြင်းသည် မဏ္ဍပ်ကြီးထိုး၍ လှူရခြင်းထက် သာလွန်မြင့်မြတ်ပုံ၊ ရှင်သာမဏေအစစ်ဖြစ်ဖို့ သရဏဂုံအဓိကကျပုံ၊ ဝိနည်းနှင့်ညီသည့် ပရိက္ခရာ ၈ ပါးအကြောင်း၊ ရှင်ပြုရာတွင် ရှင်လောင်းလှည့်ခြင်း၊ ဆိုင်း အငြိမ့်ထည့်ခြင်း လို မလို၊ ရှင်သာမဏေဖြစ်ပြီးနောက် ပစ္စည်းလေးပါး မဆင်ခြင်က အပါယ်ကျ ပြိတ္တာဖြစ်တတ်ပုံ၊ ပစ္စည်းလေးပါး ဆင်ခြင်ပုံ ဆင်ခြင်နည်းနှင့် ဆင်ခြင်ရမည့် ကာလအကြောင်းတို့ကို ရှင်ပြုအခန်းတွင်လည်းကောင်း၊ တဖန် ရဟန်းခံ အခန်းတွင် ရဟန်းခံရန် သင့်လျော်သည့် အသက်အရွယ်၊ သိထားရမည့် အာပတ် ၇ မျိုး၊ ပရိက္ခရာဆိုင်ရာ သိမှတ်ဖွယ်၊ ပစ္စည်းလေးပါး ဆင်ခြင်သင့်ပုံ၊ သိက္ခာချလူထွက်ရာတွင် အင်္ဂါခြောက်လီ ပြည့်စုံရန်လိုပုံနှင့် အခြား ရဟန်းခံဆိုင်ရာ ဗဟုသုတများကို ပြည့်ပြည့်စုံစုံ စုစည်းပေးထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|