|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သာသနဗဟုသုတပ္ပကာသနီ
-
-
Author(s):
ဘုရားဖြူ အရှင်ရာဇိန္ဒမဟာထေရ်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 406
- Binding: Paperback
- Publication Month Year: Dec-2009
- Size: 15 cm x 23 cm
|
- Description: မဇ္ဈိမဒေသ သာသနာဝင်၊ သီရိလင်္ကာသာသနာဝင်နှင့် ရာဇဝင်အဆက်ဆက် မြန်မာသာသနာဝင် ဖြစ်ရပ်များကို မဇ္ဈိမဒေသ သာသနာ၊ သီဟိုဠ်သာသနာ၊ ပုဂံခေတ်သာသနာ၊ ပင်းယခေတ်သာသနာ၊ အင်းဝခေတ်သာသနာ၊ ညောင်ရမ်းခေတ်သာသနာ၊ ကုန်းဘောင်ခေတ်သာသနာ၊ အမိန့်ပြန်တမ်းများ၊ ကိုလိုနီခေတ်သာသနာ အပါအဝင် အခန်းကြီးပေါင်း ၂၁ ခန်းဖွင့်လျက် သာသနာရေးရှုထောင့်၊ ရာဇဝင်ရှုထောင့်၊ သမိုင်းရှုထောင့်၊ စာပေရှုထောင့်၊ သုတေသနရှုထောင့်၊ ဝေဖန်ရေးရှုထောင့် စသည်ဖြင့် ရှုထောင့်မျိုးစုံမှ မီးမောင်းထိုးပြထားသော စာအုပ်ဖြစ်သည်။ ထို့ပြင် သာသနာဆိုတာဘာလဲ၊ သံင်္ဂါယနာ ၆ တန်လော ၇ တန်လော၊ ရာဇဝင် ခေတ်အဆက်ဆက်မှ မြန်မာ့သာသနာ၊ အဋ္ဌကထာကို ရှင်မဟာဗုဒ္ဓဃောသ ပင်ကိုယ်ရေးဟု စွပ်စွဲချက်၊ သာသနာကုန်ပြီဆိုသောစကား၊ သိကြားသာသနာ တကယ်ရှိ မရှိ၊ သိကြားသေပြီဆို၍ ခတ်သော စည်သံ၊ မနုဿီဟရုပ်အပေါ် သထုံပြည်သူတို့၏ ယုံကြည်ချက်၊ ပြဿဒါးရက်ကိုမှ ကြိုက်သူ၊ လူဒါယာကာမများကို ရဟန်းတော်များက တုတ်ကိုင်ပြီး အကာအကွယ် ပေးသင့် မပေးသင့်၊ အပါအဝင် ရာဇကြောင်း၊ ဓမ္မကြောင်း၊ လောကကြောင်း ဆိုင်ရာပြဿနာ အရပ်ရပ်ကို ဗဟုသုတဟင်းလေးအိုးကြီးသဖွယ် ပြည့်စုံစွာ ဖော်ပြထားပြီး ပြေလည်အောင်လည်း ဖြေရှင်းပေးထားသည်။ ဤကျမ်းသည် အချက်အလက် ခိုင်မာပြည့်စုံမှု၊ အကြောင်းအရာစုံလင်မှုတို့ကြောင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများတွင် ပြဋ္ဌာန်းစာအုပ်အဖြစ် ပြဋ္ဌာန်းခြင်း ခံထားရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|