|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ၈၈ အရေးအခင်းကာလ ရန်ကုန် ပဉ္စနိကာယသာသနာ့ဗိမာန်ကျောင်းတွင် နေထိုင်သီတင်းသုံးရင်း လျှို့ဝှက်ဖြန့်ချိသော စာရွက်စာတမ်းများကို ထပ်ဆင့်ဖြန့်ဝေခဲ့သလို ၈.၈.၈၈ နေ့တွင် ရန်ကင်းမြို့နယ်မှ ဦးဆောင်ကာ မြို့ထဲသို့ ချီတက်ခဲ့သူ၊ စစ်တပ်မှ အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုပြုလုပ်နေသော ကျောင်းသားများကို အကူအညီပေးခဲ့သူ၊ ၁၉၈၉ ခုနှစ်တွင် ရွှေပြည်သာမြို့သစ်၌ ကိုယ်ပိုင်စာသင်တိုက် တည်ထောင်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူပါတီနှင့် ကျောင်းသားများကို များစွာ အကူအညီပေးခဲ့သူ၊ ၁၉၉ဝ ခုနှစ် စစ်အစိုးရအပေါ် ပတ္တနိကုဇ္ဇနကံဆောင်ချိန်၌ တက်ကြွစွာ ပါဝင်ခဲ့သူ၊ ၁၉၉၂ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ မြန်မာပြည်လာရောက်ချိန်၌ မြန်မာပြည် လူ့အခွင့်အရေးကိစ္စများ တင်ပြခဲ့သူ၊ ထို့နောက် ၁၉၉၃ ခုနှစ်၌ စစ်အာဏာရှင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခြင်းခံခဲ့ရသူ၊ ၂ဝဝ၉ ခုနှစ်၌ ပြန်လည်လွတ်မြောက်လာသော်လည်း ပြည်တွင်းတွင် နေခွင့်မရအောင် နှောင့်ယှက်မှုများကြောင့် ထိုင်းနယ်စပ်သို့ ရောက်ရှိခဲ့ပြီး ထိုမှတဆင့် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွေ့ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇဝန၏ ထောင်တွင်းဘဝဖြတ်သန်းမှု မှတ်တမ်းစာအုပ်ဖြစ်သည်။ စစ်ထောက်လှမ်းရေးနှင့် ထောင်ဝန်ထမ်းတို့၏ ဖိနှိပ်ရက်စက်မှုများကို အလူးအလဲခံရင်း မရှုံးမပေးစတမ်း ဒူးမထောက်စတမ်း အံတုခဲ့ကြပုံများကို ဘဝမှန်ကူကွက်များအဖြစ် စိတ်ဝင်စားဖွယ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|