|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ကျေပွန်စွာလုပ်ဆောင်ရမည့် တာဝန်များနှင့် လူ့ကျင့်ဝတ်များအကြောင်းကို ဆောင်းပါးများခွဲ၍ ရေးသားမျှဝေထားခြင်း ဖြစ်သည်။
‘ ... လူရယ်လို့ဖြစ်လာရင် တာဝန်ဆို မွေးတဲ့ရက်ကနေ သေဆုံးတဲ့ရက်အထိ ရှိလာကြပါပြီ ။ တာဝန်တွေဟာ တစ်ခါတရံမှာ လေးပင်တယ်လို့ခံစားရပေမယ့် တာဝန်နဲ့ဝတ္တရားကို မကျေပွန်ဘူးဆိုရင်လူဟာ လူသားပီသနိုင်မှာမဟုတ်ပါဘူး၊ တာဝန်ဆိုတာအမျိုးမျိုးရှိတယ်၊ ကျောင်းသားအရွယ်မှာ စာကျက်ရမယ့်တာဝန်၊ လူလတ်ပိုင်းအရွယ်မှာ စီးပွါးရှားမယ့် လုပ်ငန်းခွင်ထဲမှာ ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ ဘဝမှာ ကျေပွန်ရမယ့်တာဝန်တွေ၊ မိသားစုထဲမှာရှိရမယ့်တာဝန်တွေ၊ ချစ်ခြင်းမေတ္တာအပေါ်ထားရှိရမယ့်တာဝန်တွေ၊ လူမှုပတ်ဝန်းကျင်မှာ ထားရှိရမယ့်တာဝန်တွေ စတဲ့တာဝန်အမျိုးမျိုးရှိပါတယ်။ လူတွေဟာ တာဝန်အရ လုပ်ပေးတာပါဆိုတာမျိုးကို မလိုချင်ကြဘဲ စိတ်ထဲက ပါလွန်းလို့လုပ်ပေးတာပါဆိုတာကို ပိုလိုချင်ကြတယ်။ ဒါဟာမှန်ပေမယ့် အသက်အရွယ်တွေကြီးပြီး ထမ်းထားရတဲ့ဝန်တွေ များလာတာနဲ့အမျှ ကျွန်တော်တို့ဟာ နေရာတကာမှာ စိတ်ပါရင်ပေးမယ် မပါရင် မလုပ်ဘူး မပေးဘူးဆိုမျိုးလုပ်လို့မရတော့ဘူး။ ကိုယ်က စပြီးရင်အဆုံးထိတိုင်အောင်တာဝန်ကျေပွန်ပေးရတော့မယ့်အရာတွေအများကြီးပါပဲ။
တာဝန်မကျေတဲ့လူတွေကြောင့် လုပ်ငန်းခွင်မှာဖြစ်စေ ၊မိသားစုမှာဖြစ်စေ၊ပေါင်းသင်းဆက်ဆံရေးမှာဖြစ်စေ ကျွန်တော်တို့ ပင်ပန်းဆင်းရဲကြရတာမျိုးကြုံဖူးကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့ကိုယ်တိုင်လည်း တာဝန်ကျေတဲ့ လူတစ်ယောက်ဖြစ်ရဲ့လားဆိုတာကို ဒီစာအုပ်လေးမှာဖတ်ရှုရမှာဖြစ်ပါတယ်။ ... ’ ဟု စာရေးသူက ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|