|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မာယာကစားပွဲ (လေဒီဘော့စ်တို့အတွက် စည်းမျဉ်းသစ်များ)
-
-
Author(s):
မြနှင်းဆီ (Mra Hninzi)
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 256
- Binding: Paperback
- Publication Month Year: Jun-2023
- Size: 14 cm x 21 cm
|
- Description: အမျိုးသမီးများသည် အမျိုးသားများနှင့် နှိုင်းယှဉ်ပါက ကိုယ်ကာယဖွံ့ဖြိုးမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့တွင် အားနည်းချက်များ ရှိကြသည်။ ယခုခေတ်ကာလတွင် ထိုအားနည်းချက်ကို ပြင်ဆင်နိုင်မည့် အခွင့်အလမ်းနှင့် အခွင့်အရေးများ ရရှိလာပြီဖြစ်ရာ ၎င်းမှာ ကစားပွဲတွင် ရင်ဘောင်တန်း အနိုင်ကစားရန် ဖြစ်သည်။ ကစားပွဲတွင် အနိုင်ကစားနည်းဆိုသည်မှာ လုပ်ငန်းခွင်တွင် အောင်မြင်မှုအတွက် ကျယ်ပြန့်သော၊ ဥပါယ်တံမျဉ် ပြည့်စုံသော၊ အလုံးစုံ လွှမ်းခြုံသော ချဉ်းကပ်နည်းအတွက် တင်စားထားခြင်း ဖြစ်သည်။ စာအုပ်တွင် ဖော်ပြထားသော စည်းမျဉ်းများကို လေ့ကျင့်ယူပါက အောင်နိုင်ခြေသည် ကျရှုံးခြေထက် ပို၍များမည်ဖြစ်ပြီး အရေးကြီးသောအချက်မှာ ကစားပွဲတွင် တက်ကြွစွာပါဝင်နေခြင်းဖြစ်ပြီး ထိုသို့ပါဝင်ကစားခြင်းအားဖြင့် လုပ်ငန်းအဆင့်တိုးတက်ရန် စီမံရာရောက်စေမည် ဖြစ်သည်။ အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်ရင်ပေါင်တန်းပြီး လုပ်ငန်းခွင် ဦးဆောင်သူများဖြစ်လာစေရန်၊ အသင်းအဖွဲ့နှင့်ဆောင်ရွက်ရသည့် စီးပွားရေးလုပ်ငန်းများကို နည်းဗျူဟာကျကျ နိုင်နိုင်နင်းနင်း ပူးပေါင်းပါဝင် ဦးဆောင်တတ်စေရန်၊ ကစားနည်း စည်းမျဉ်းသစ်များနှင့် အသားကျရင်းနှီးပြီး ဘဝနှင့် သက်မွေးမှုလုပ်ငန်းခွင်တွင် ထိပ်တန်းသို့တက်လှမ်းနိုင်သော အမျိုးသမီးခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် အကြံဉာဏ်ကောင်းများ ပါရှိသည့် စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|