|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မင်းသမီး မထွေးလေး၊ ရုပ်သေးမင်းသမီး ဆရာပုကြီး၊ မြခြေကျင်းမငွေမြိုင်၊ ကောလိပ်စိန်၊ စိန်ဗေဒါ၊ နန်းတော်ရှေ့ဆရာတင်၊ လေဘာတီမမြရင်၊ မြို့မငြိမ်းတို့အကြောင်း ပြည့်စုံစွာ ပါရှိသည့် စာအုပ်ဖြစ်သည်။ သမိုင်းဝင်ရှားပါးပုံ များစွာ၊ သီချင်း စာသားများ၊ အက္ခရာစဉ်အညွှန်း၊ သီချင်းအညွှန်းတို့ကိုပါ ထည့်သွင်းပေးထားသည်။ ‘ ... ဒီစာအုပ်အနေနဲ့ ကံကောင်းတာတခုက ကျွန်မ
မေးမြန်းမှတ်သား စုဆောင်းစဉ်အခါတုန်းက အမေးခံရသူတွေက အားလုံး တိုက်ရိုက်ထိတွေ့ လက်တွဲခဲ့သူတွေနဲ့ အနီးကပ်ဆုံး ဆွေမျိုးတွေ ရှိနေသေးတာပဲ။ တဆင့်စကား တဆင့်နားနဲ့ ရေးရတဲ့အချက်အလက်က အလွန်နည်းပါတယ်။ သေချာတာ မှန်ကန်တာ ယုံကြည်လောက်တာတွေပဲ များတာပါ။ ဒီလို ပုဂ္ဂိုလ်မျိုးတွေဆိုတာ ပရိသတ်ရှိသူတွေ ဖြစ်လေတော့ အဆင့်ဆင့် ပြောလာတာဖြစ်ရင် ဒဏ္ဍာရီဆန်ကုန်ပါတယ်။ ကျွန်မစုဆောင်းတုန်းကတော့ တိုက်ရိုက်သမားတွေက အများစုကြီးပါ။ ဒါကြောင့် ဒီစာအုပ်ဟာ နှောင်းလူများအတွက် တန်ဖိုးရှိမှာပါ။ ...
’ ဟု စာရေးသူက ဆိုထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၆၄ ခုနှစ်အတွက် အမျိုးသားစာပေဆု (မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ) (ပထမဆု)ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|