|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အင်္ဂုတ္တိုရ်ပါဠိတော် ဆယ့်တစ်ကျမ်းတို့၏ အနှစ်သာရများကို သိပ်သည်းပီပြင်စွာ ဖော်ပြထားသော ပိဋကတ်အနှစ်ချုပ် အင်္ဂုတ္တရနိကာယ် (အတွဲ ၂)
-
-
Author(s):
ဓမ္မာစရိယဦးမောင်မောင်လေး
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 612
- Binding: Paperback
- Publication Month Year: Dec-2004
- Size: 15 cm x 23 cm
|
- Description: ပိဋကတ် ၃ ပုံ၊ နိကာယ် ၅ ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော အင်္ဂုတ္တရနိကာယ်၌ နိပါတ်ခေါ် အပိုင်း ၁၁ ပိုင်းရှိရာ ယခုစာအုပ်တွင် ဆက္ကနိပါတ်မှ ဧကာဒသကနိပါတ်အထိ နောက်ပိုင်း ၆ ပိုင်းကို စာရေးသူမှ မြန်မာဘာသာဆိုထားခြင်းဖြစ်သည်။ စာရေးသူ၏ မြန်မာပြန်ဆိုချက်များသည် မူရင်းအာဘော်မပျက်ဘဲ အနက်အဓိပ္ပါယ် ပေါ်လွင်ရုံသာမက မြန်မာစကားပြေအနေဖြင့်လည်း သိပ်သည်းကျစ်လျစ် ပြေပြစ်လှကြောင်း တွေ့ရှိရမည်ဖြစ်သည်။ ထို့ပြင် ထူးခြားခက်ခဲသော ပါဠိဝေါဟာရများကို အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်များဖြင့် ရှင်းလင်းဖော်ပြထားသောကြောင့် ပိဋကတ်စာပေလေ့လာသူများအတွက်လည်း ကျေးဇူးများဖွယ်ရှိသည်။ အထူးသဖြင့် ဆက္ကနိပါတ်၌ ဒါနအင်္ဂါ ခြောက်ပါး၊ သတ္တကနိပါတ်၌ သူတော်ကောင်းဥစ္စာ ၇ ပါး၊ မယား ၇ မျိုး၊ အဋ္ဌက နိပါတ်၌ သာသနာတော်၏ အံ့ဖွယ် ရှစ်ပါး၊ နဝကနိပါတ်၌ ကိုးပါးသီလ၊ ဒဿကနိပါတ်၌ ကုသိုလ် ကမ္မပထ တရားဆယ်ပါးနှင့် အကုသိုလ် ကမ္မပထ တရားဆယ်ပါး၊ ဧကာဒသကနိပါတ်၌ မေတ္တာအကျိုး ၁၁ ပါးစသော လေ့လာမှတ်သားဖွယ်ရာတို့ကို ရှင်းရှင်းလင်းလင်း ပြည့်ပြည့်ဝဝ ဖတ်ရှုကြရမည်ဖြစ်ပါသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|