|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မှန်နန်း မဟာရာဇဝင်တော်ကြီး (အတွဲ ၁ + ၂ + ၃) (စာနယ်ဇင်းထုတ်)
-
-
Author(s):
ရာဇဝင်ပြုစုရေးအဖွဲ့
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 489
- Binding: Paperback
- Publication Month Year: Feb-2003
- Size: 17 cm x 24 cm
|
- Description: မြန်မာသက္ကရာဇ် ၁၁၉၁ ခုနှစ်တွင် ဘကြီးတော်ဘုရားကိုယ်တိုင် ဦးဆောင်၍ မုံရွေးဇေတဝန်ဆရာတော် အပါအဝင် ရဟန်း ရှင် လူ ပညာရှိများပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ကာ ဤသမိုင်းကျမ်းကြီးကို ပြုစုခဲ့သည်။ အကြောင်းအရာအားဖြင့် ကမ္ဘာတည်သည်မှ စပြီး မြန်မာသက္ကရာဇ် ၁၁၈၃ ခုနှစ်အထိ အဖြစ်အပျက်များကို အသေးစိတ်ရေးသားထားသည်။ ရေးသားရာတွင်လည်း သမိုင်း၏ အရင်းခံ အချက်အလက်များဖြစ်သော ရက်စွဲများ၊ နေရာဌာနနှင့် လူအမည်နာမများ၊ သမိုင်းကြောင်းရာများကို တိကျမှန်ကန်အောင် အထူးဂရုပြုထားသည်ဟု ဆိုသည်။ ကျမ်းပြုရည်ရွယ်ချက်မှာ ယခင်ရှေးသမိုင်းကျမ်းများ၌ ကွဲလွဲချက်များ၊ မညီညွတ်မှုများ၊ ထပ်တလဲလဲဖော်ပြမှုများ ပါရှိနေသဖြင့် ရာဇဝင်အကြောင်း၊ နိုင်ငံတော်အကြောင်း၊ သာသနာတော်အကြောင်းတို့ကို စုဆောင်းစိစစ်သုတ်သင်ပြီး စနစ်တကျ ရာဇဝင်ရေးသားရန်ဟု ရေးသားထားသည်။ ထို့ကြောင့် သမိုင်းပညာရှင်များက လေးစားစွာဖတ်ရှု လေ့လာကိုးကားခဲ့ကြသည်။ ထိုသူများတွင် မြန်မာနိုင်ငံအောက်ပိုင်း ဝန်ရှင်တော်မင်းကြီးဆာအာသာဖယ်ယာလည်းပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဆိုင်ရာ ပါမောက္ခ ဂျီအီးလုစ်နှင့် ပါဠိပါမောက္ခ ဦးဖေမောင်တင်တို့သည်လည်း ဤကျမ်းကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့ဖူးသည်ဟုဆိုသည်။ ထိုကျမ်းကြီးကို လူတိုင်း အလွယ်တကူ လေ့လာနိုင်ရန် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ (ဤစာအုပ်ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ၃ အုပ်တွဲ ထုတ်ဝေသလို သီဟရတနာစာအုပ်တိုက်မှလည်း ပေါင်းချုပ် ၁ အုပ်ထဲအပြီးထုတ်ဝေသည်ကို တွေ့ရသည်။ မူရင်းစာများတူသော်လည်း သီဟရတနာတိုက်ထုတ်မှာမူ အောက်ခြေမှတ်စုများအပိုပါခြင်း၊ ယခင်ထုတ်ဝေသည့်အကြိမ်များမှ မူများကို ညှိနှိုင်းထားခြင်းများ ပြုလုပ်ထားသည်ဟုဆိုသည်။ ထို့ပြင် ၎င်းတိုက်ထုတ်မှာ ဒေါ်ကြန်၊ ဦးစိန်လှိုင်၊ ဦးအေးချိုတို့ ပူးပေါင်းတည်းဖြတ်ထားသည်ဟု ရေးသားထားသည်။)
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|