|
Myanmar Books
Publishers
|
|
'Torrent'
,
'မွန်သာသနာ'
,
'ဂျပန်ဝေါဟာရ'
,
'ဇော်ဇော်ထွန်း'
,
'းရာဇဝင်'
,
'ဘားအံ'
,
'Power Point'
,
'သုသုက'
,
'ဂုရု'
,
'ဂဏ'
,
'မာသာထရီဆာ'
,
'ယုံတမ်း'
,
'တာလီဘန်'
,
'Camera'
,
'နေမင်းသန်း'
,
'မန်လည်ဆရာတော်'
,
'နာနာဘာဝ'
,
'Conton'
,
'ကထိန်'
,
'Root'
|
More ...
|
Latest 10 New Arrivals
Book Details
|
- နိဗ္ဗာန်စခန်း လက်တစ်ကမ်း
-
-
Author(s):
ဒဂုန်ဦးစန်းငွေ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 320
- Binding: Paperback
- Publication Month Year: May-2022
- Size: 15 cm x 22 cm
|
- Description: မြတ်စွာဘုရားလက်ထက်တော်က နိဗ္ဗာန်စခန်းဝင်သွားနိုင်ကြသော ပုဂ္ဂိုလ်များအကြောင်းကို ရှာဖွေတင်ပြထားသော စာအုပ်ဖြစ်သည်။ အရိုးခေါက်ဆရာ ဝင်္ဂီသ၊ အလွန် ဉာဏ်ထိုင်းလှသော အရှင်စူဠပန္တက၊ ကိသာဂေါတမီ၊ သူဌေးသမီး သူခိုးမယား ကုဏ္ဍလကေသီ၊ ချက်မှ အရောင်တလက်လက်ထွက်သော စန္ဒာဘပုဏ္ဏား၊ ဘုရားသခင်ကို ကြည်ညိုလွန်ကဲသော ဝက္ကလီရဟန်း၊ မစင်ကိုသာစား၍ ကိုယ်တုံးလုံးနေသော ဇမ္ဗုက တက္ကတွန်း၊ ခိုးသားငါးရာ၊ ရွှေရုပ်လို အလှကြွားသော ခေမာမိဖုရား၊ လူသတ်သမား အင်္ဂုလိမာလ၊ ပြည့်တန်ဆာမ သီရိမာကို အသေအလဲစွဲလန်းသော ရဟန်း၊ လင်ကိုထိ မချိအောင်နာသော လင်ချစ်ဇနီးသည်တစ်ဦးအကြောင်း အပါအဝင် စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်း (၃၂) ပုဒ်ပါရှိသည်။ သူတို့အကြောင်း ဖြစ်ပျက်စုံလင်နှင့်တကွ နောက်ဆုံးအပြီးသတ်တွင် မြတ်စွာဘုရား နိဗ္ဗာန်အမြိုက်ဆေးတိုက်ကျွေးလိုက်ပုံများ၊ ကျွတ်တမ်းဝင်ပုံများကို အသေးစိတ် ခြယ်မှုန်းထားသည်။ စာရေးသူ၏ ဤစာအုပ်ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ သူတို့သည်ပင် အမြိုက်စခန်း နိဗ္ဗာန်နန်းသို့ ရောက်သွားသေးသည်ကို ထောက်သော် နိဗ္ဗာန်ဟူသည် မိမိနှင့် မထိုက်တန်သေးဟု အယူရှိသူများ အားငယ်စရာ၊ စိတ်ဓာတ်ကျစရာ ရွေးတစ်စေ့မျှပင် မရှိကြောင်း၊ အချုပ်ဆိုသော် နိဗ္ဗာန်ဟူသည် လက်တစ်ကမ်း၌ပင်ရှိကြောင်းကို သိစေချင်၍ဖြစ်ကြောင်း အမှာစာ၌ ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|