|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: Robert Lawrence Kuhn၏ The Man Who Changed Chinaကို ဘာသာပြန်ထားခြင်းဖြစ်သည်။ မူရင်းစာအုပ်ရေးသူသည် တရုတ်ပြည်နှင့် ကျန်ဇီမင်းအကြောင်းကို အရှည်သဖြင့် စောင့်ကြည့်လေ့လာနေသူဖြစ်ပြီး ဤစာအုပ်ကို ကျန်ဇီမင်း၏ ဆွေမျိုးမိတ်သင်္ဂဟများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အနီးကပ်အသေးစိတ် တွေ့ဆုံမေးမြန်းကာ အချက်အလက် အထောက်အထားပြည့်စုံစွာဖြင့် ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။ မူရင်းစာအုပ်ကို ၂ဝဝ၅ ခုနှစ် မေလတွင် တရုတ်နှင့် အမေရိကန်တို့၌ တပြိုင်နက် ထုတ်ဝေခဲ့သည်။ ကျန်ဇီမင်း၏ ဘဝဖြတ်သန်းမှုများကိုလည်းကောင်း၊ အထူးသဖြင့် တရုတ်ပြည်၏ အဓိကခေါင်းဆောင်မှုနေရာတွင် ၁ဝ နှစ်ကျော် ထမ်းဆောင်ခဲ့သည့် သမိုင်းတွင်ရစ်မည့် စွမ်းဆောင်ချက်များကို လည်းကောင်း၊ အကောင်း, အဆိုး ဒွန်တွဲရောနှောနေသော တရုတ်ပြည်၏ သည်ဘက်ခေတ် နှစ် ၈ဝ သမိုင်းကို ရင်းနှီးနားလည်လာနိုင်အောင်လည်းကောင်း၊ တရုတ်ပြည်၏ စူပါစီးပွားရေးနှင့် ကျန်ဇီမင်း၏ လုပ်နည်းလုပ်ဟန်များကိုလည်းကောင်း၊ မှတ်သားနာယူ ပညာပေးဗဟုသုတများစွာကိုလည်းကောင်း ဖတ်ရှုကြရမည်ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်းဂျားက တရုတ်ပြည်ရဲ့ အနာဂတ် ဖြစ်ပေါ်တိုးတက်မှု စေ့ဆော်အားအကြောင်း ကောင်းကောင်း သိရှိနားလည်ချင်တဲ့ သူတွေအဖို့ သည်စာအုပ်မှ အကျိုးကျေးဇူးများစွာ ရရှိကြမည်ဖြစ်ကြောင်း အမှာစာတွင် ထောက်ခံရေးသားထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝဝ၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဘာသာပြန် - (သုတ)) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|