|
Myanmar Books
Publishers
|
|
'ရတနာပုံ'
,
'Usage'
,
'အနာတဟန်'
,
'candle'
,
'ဒေါက်တာမောင်မောင်'
,
'ဦးမော်လူး'
,
'မှော်လက်စွပ်'
,
'ဆန်းလွင် (ရှင်အာဒိစ္စရံသီ)'
,
'အိမ်ခြံမြေ'
,
'ဆေးဝါး'
,
'မေမြို့ချစ်ဆွေ'
,
'မာရီ'
,
'Surrealism'
,
'Programming'
,
'အောင်စည်သာ'
,
'The power of the lady'
,
'တရုတ် - မြန်မာအဘိဓာန်'
,
'ပရမတၳ'
,
'ရဲထွဋ်'
,
'လုပ်ငန်းခွင်အန္တရာယ်'
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကမ္မဋ္ဌာန်းကျမ်းကြီး
-
-
Author(s):
လယ်တီဆရာတော်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 438
- Binding: Paperback
- Size: 18 cm x 25 cm
|
- Description: ယနေ့ ကမ္ဘာတစ်လွှားတွင် မိမိတို့ကိုယ်ပိုင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အယူဝါဒအသီးသီး ရှိသည့်အနက် မည်သည့်နည်းလမ်း မည်သည့်လမ်းညွှန်ချက်သည် မိမိတို့၏ ရုပ်ချမ်းသာရေး၊ စိတ်ချမ်းမြေ့ရေး၊ ဘဝအောင်မြင်ရေး၊ ဘဝလွတ်မြောက်ရေးနှင့် အနှိုင်းမဲ့ သန္တိသုခကို ပေးနိုင်သနည်း။ မည်သည့်နည်းလမ်း မည်သည့်လမ်းညွှန်ချက်သည် ကမ္ဘာ့သာယာဝပြောရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ပေးနိုင်သနည်း ဆိုသည်ကို မိမိတို့ကိုယ်တိုင် လက်တွေ့လေ့လာ ကျင့်သုံးကြည့်မှ သိမြင်နိုင်မည်ဖြစ်သည်။ ထိုသို့ ရင်းမြစ်ကျကျ စူးစမ်း စမ်းသပ်မှုခံနိုင်သော၊ စူးစမ်းရှာဖွေလေလေ ထူးခြားသောတရားတော်များကို ခန္ဓာတွင် တွေ့ရှိလေလေနှင့် အံ့မခန်းဖွယ်ရာ အယူအမြင်အစစ်သည် ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာ၏ အနှစ်သာရပင်ဖြစ်သည်။ ဤစာအုပ်တွင် ကသိုဏ်းရှုပွားပုံ အမျိုးမျိုး၊ အသုဘ ကမ္မဋ္ဌာန်း ရှုပွားပုံ အမျိုးမျိုး၊ အနုဿတိကမ္မဋ္ဌာန်း ရှုပွားပုံ အမျိုးမျိုး၊ ဗြဟ္မဝိဟာရကမ္မဋ္ဌာန်း ရှုပွားပုံ အမျိုးမျိုးအပါအဝင် ကမ္မဋ္ဌာန်း ၄ဝ၊ နတ်နား နတ်မျက်စိကဲ့သို့ ကြားသိနိုင်သော မိုးပျံ မြေလျှိုး အဘိညာဉ် တန်ခိုးသတ္တိ စွမ်းအားများနှင့် ဝိပဿနာ ရှုပွားနည်း အဖုံဖုံတို့ကို အခန်း ၁၇ ခန်းခွဲကာ အကျယ်တဝင့် ရှင်းလင်းရေးသားထားသည်။ ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် (အယူ+အမြင်) အစစ်ကို ကိုယ်တိုင်သိရှိလာမည်ဖြစ်သည်။ တစ်နည်းအားဖြင့် မြတ်ဗုဒ္ဓ၏ တရားတော်များကို လက်တွေ့စမ်းသပ်လိုသူများအတွက် လယ်တီဆရာတော်ဘုရားကြီးကိုယ်တိုင် ရေးသားပြုစုတော်မူခဲ့သော ဤ “ကမ္မဋ္ဌာန်းကျမ်းကြီး” စာအုပ်သည် အကောင်းဆုံးသော လက်စွဲစာအုပ် Hand Book တစ်အုပ်ပင်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|