|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်ဘက်မှလည်းကောင်း၊ ဝင်ရိုးတန်းတပ်များဘက်မှလည်းကောင်း သက်စွန့်ဆံဖျား တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်း ပုဂ္ဂိုလ်အကျော်အမော်များ၏ စွန့်လွှတ်စွန့်စား တိုက်ပွဲများအကြောင်းကို ရွေးချယ်တင်ပြထားသော စာအုပ်ဖြစ်သည်။ လူကြီးလည်း မမည် လူငယ်လည်းမက စိတ်ကူးယဉ်တတ်သော ဗိုလ်တကာ့ဘုရင် ဂျာမန်လေသူရဲ ဗိုလ်ကြီးမာဆေးလ်၊ ဂျာမန်စစ်သားများ အထူးကြပ်မတ် စောင့်ကြပ်နေသည့်ကြားမှ ဝေါလ်တံတားကို အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့သည့် တစ်ကိုယ်တော် သူရဲကောင်း ပေါလ်၊ ဂျာမန်တို့၏ ဖမ်းဆီးခံရပြီး သုံ့ပန်းဘဝမှ သက်စွန့်ဆံဖျား စွန့်စား လွတ်မြောက်လာခဲ့ရသည့် မဟာမိတ်စစ်သည်တစ်စု၊ သေနတ်မှန် သေပြီထင်သောကြောင့် သဲအိတ်သဖွယ် ကန့်လန့်ဖြတ်တင်ခံရသည့် မဟာမိတ်စစ်သည်တစ်ဦး၏ မြန်မာပြည် စစ်မျက်နှာပြင်မှ ထိန့်လန့်ဖွယ် အတွေ့အကြုံ၊ ပုလဲဆိပ်ကမ်းတိုက်ပွဲကို လက်စားချေသောအားဖြင့် ပြုလုပ်ခဲ့သည့် တိုကျိုလေကြောင်းတိုက်ပွဲ၊ အမေရိကန် သုံ့ပန်း ၃ဝဝ ကျော်ကို ကယ်တင်နိုင်ခဲ့သည့် နာမည်ကျော် ကွန်မန်ဒိုတိုက်ပွဲ၊ မဟာမိတ်တပ်များ မြောက်အာဖရိကသို့ သွေးမြေမကျ သိမ်းပိုက်နိုင်အောင်နှင့် တစ်ဖက်စောင်းနင်းဖြစ်နေသော ဒုတိယကမ္ဘာစစ်၏ ချိန်ခွင်လျှာကို ပြန်လည် တည့်မတ်လာစေသည့် ကမ္ဘာကျော် ဗိုလ်ချုပ်မတ်ဝိန်ကလပ်၏ တစ်ကိုယ်တော် သက်စွန့်ဆံဖျား ရန်သူကမ်းခြေ တက်ရောက်မှု အစရှိသည့် ဖြစ်ရပ်မှန်သမိုင်းဝင်တိုက်ပွဲများနှင့် စွန့်စားခန်းများပါရှိသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|