|
Myanmar Books
Publishers
|
|
'ရတနာပုံ'
,
'Usage'
,
'အနာတဟန်'
,
'candle'
,
'ဒေါက်တာမောင်မောင်'
,
'ဦးမော်လူး'
,
'မှော်လက်စွပ်'
,
'ဆန်းလွင် (ရှင်အာဒိစ္စရံသီ)'
,
'အိမ်ခြံမြေ'
,
'ဆေးဝါး'
,
'မေမြို့ချစ်ဆွေ'
,
'မာရီ'
,
'Surrealism'
,
'Programming'
,
'အောင်စည်သာ'
,
'The power of the lady'
,
'တရုတ် - မြန်မာအဘိဓာန်'
,
'ပရမတၳ'
,
'ရဲထွဋ်'
,
'လုပ်ငန်းခွင်အန္တရာယ်'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: “လက်သရုပ်ခွဲမှုပညာ” စာအုပ်ဖြစ်သည်။ လက်ပုံစံအနေအထားများကိုကြည့်၍ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များကို သိမြင်လာအောင်နှင့် လက်၏တည်ဆောက်ပုံ၊ ပုံသဏ္ဌာန်၊ အရောင်အသွေး၊ လက်၏ကိုယ်ငွေ့အပူချိန်၊ အခြားအမှတ်လက္ခဏာများကိုကြည့်ခြင်းအားဖြင့် လူတစ်ယောက်၏ အကျင့်စရိုက်၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဓာတ်နိုးကြားတက်ကြွမှု၊ လိုလားနှစ်သက်မှုများ၊ ပတ်ဝန်းကျင်အပေါ် မည်သို့ရှုမြင်နားလည်နိုင်မှု၊ ဘဝကို မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲနေထိုင်ပုံ၊ ဘဝနှင့် လိုက်လျောညီထွေနေထိုင်နိုင်မှု စသည်တို့ကို အတတ်ဟောနိုင်အောင် ရှင်းလင်းထားသည်။ ထို့ပြင် ရှေးကျသော လက္ခဏာဖတ်ကြားခြင်း အတတ်ပညာ၊ အမျိုးကောင်းသား၏ လက်များ၊ ဂျပ်ပဆီတို့၏ အတတ်ပညာဗဟုသုတ၊ ထင်ရှားကျော်ကြားသော လက္ခဏာပါရဂူများ၊ လက်ဖဝါးပြင်ပါ ဗွေများ၏အကြောင်း၊ ဂြိုဟ်ခုံများ၏အကြောင်း၊ ဂြိုဟ်ခုံပေါ်ရှိအမှတ်အသားများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ လက်၏ပြင်ပသွင်ပြင်လက္ခဏာများ၊ ထို့ပြင် ရာဇာတို့၏ အမှတ်လက္ခဏာ၊ တော်ဝင်နှင့်ဆက်နွယ်သည့် အမှတ်အသား၊ အလုပ်အကိုင်နှင့်ပတ်သက်သော ကျော့ကွင်းပုံဗွေ၊ သတ္တိ၏အစွမ်းကိုပြသော ကျော့ကွင်းဗွေ၊ လက်ဝါးပြင်ပေါ်မှ အရေးအကြောင်းများဖြစ်သည့် ကံကြမ္မာလမ်းကြောင်း၊ အသက်လမ်းကြောင်း၊ ဦးခေါင်းလမ်းကြောင်း၊ နှလုံးလမ်းကြောင်း ကံလမ်းကြောင်းအပါအဝင် လက္ခဏာဗေဒနှင့်ပတ်သက်သည်များကို ပြည့်ပြည့်စုံစုံ တင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|