|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဤစာအုပ်တွင် ရိုက်ချက်စံချိန်များလျှော့ချလိုသူ ဂေါက်သမားများအတွက် အမြန်ဆုံးနှင့်ထိရောက်မှုအရှိဆုံးဖြစ်သော အဓိကနည်းစနစ်သော့ချက်များကို ထုတ်နှုတ်တင်ပြထားသည်။ ထို့ပြင် ဂေါက်ကွင်းထဲတွင်တွေ့ကြုံနေရသော အခက်အခဲအကျပ်အတည်းရိုက်ချက်များကို တစ်ထိုင်တည်းနှင့်ဖြေရှင်းကျော်လွှားနိုင်ရန် ရည်ရွယ်၍ အိတ်ဆောင်အရွယ်အစား ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ မိမိ၏ဟာကွက် အားနည်းကွက်ကလေးများကို နှိုင်းယှဉ်ချိန်ထိုးနိုင်ပြီး အဓိကသော့ချက်များကိုသာ ထုတ်နှုတ်ရေးသားထားသည်။ ကွင်းထဲအထိ ကိုယ်နှင့်မကွာယူဆောင်သွားနိုင်ရန် ရည်ရွယ်၍ အိတ်ဆောင်အရွယ် ထုတ်ဝေထားသည်။ နည်းပြတစ်ဦးက အနီးကပ်ညွှန်ကြားသင်ပေးနေသကဲ့သို့ အကျိုးရှိနိုင်သည့်အတွက် လက်စွဲထားသင့်သည်။ သစ်သားတုတ်၊ သံတုတ်များကို အသုံးပြု၍ ဂေါက်ရိုက်ခြင်း၊ သဲကျင်း မြက်ရှည် မြက်ကြမ်း မြေပျော့များအပါအဝင် မြေမျက်နှာပြင် အမျိုးမျိုးတွင် ဂေါက်ရိုက်နည်း၊ ကျင်းစိမ်ခြင်း၊ ဘောလုံး မိုးထောင်ခြင်း၊ ခါးဖြတ်ရိုက်ခြင်း၊ ခြေထောက်ရပ်ပုံအပါအဝင် ဂေါက်ကစားနည်း၏ လိုအပ်ချက်များနှင့် နည်းစနစ်များကို ထောင့်စေ့အောင် တင်ပြထားသဖြင့် ဂေါက်သမားတိုင်း ဖတ်ရှုလေ့လာသင့်သော စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|