|
Myanmar Books
Publishers
|
|
'elon musk'
,
'ညီနောင် (Humber)'
,
'၈၈'
,
'ရာပြည့်'
,
'ဒေါက်တာအောင်ခင်'
,
'အေဖ'
,
'ဓာတ်ပုံပညာ'
,
'Anattalakkhana'
,
'အင်္ဂလိပ်စာတတ်လိုသော်'
,
'ကြက်တူရွေး'
,
'ရှင်မထီး'
,
'ဦးသိန်းမောင်'
,
'နဂါးနက်'
,
'ရှုထောင့်အထွေထွေ'
,
'Flowery Sentence'
,
'web'
,
'စရဖ'
,
'စိန်မျိုးမြင့်'
,
'လူ'
,
'ကြီးကြီးမားမား စဉ်းစားပြီး ကျာ'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: မြန်မာ့သမိုင်းတွင် ထူးမြတ်သော နှလုံးရည်တို့ကြောင့် ထင်ပေါ်ကျော်ကြားခဲ့သော ရှင်အာနန္ဒာ၊ ရှင်မဟာရဋ္ဌသာရ၊ ရွှေဥမင်ဆရာတော်၊ တောင်ဖီလာဆရာတော်၊ ထွဋ်ခေါင်ဆရာတော်၊ မောင်းထောင်ဆရာတော်၊ ရွှေကျင်ဆရာတော်၊ ဗန်းမော်ဆရာတော်၊ ဆရာတော်ဦးဝိစာရ၊ မင်းကွန်း တိပိဋကဆရာတော်၊ ငသိုင်းချောင်း ရွှေရေးဆောင် ဆရာတော်၊ အိုင်သဗြုကွင်းလယ်ကျောင်းဆရာတော်၊ ရာဇကုမာရ၊ ကျစွာမင်း၊ အနန္တသူရိယအမတ်၊ ရခိုင်ဘုရင် အလိခင်မင်းနှင့် နရပတိမင်း၊ ဘုရင်မင်းခေါင်းရဲ့ ဆင်ကဲ၊ ငခင်ညို၊ ရခိုင်ဘုရင် မင်းထီး၊ သာလွန်မင်း၊ စစ်သူကြီး မဟာဗန္ဓုလ၊ သတိုးမင်းခေါင်း၊ သမိန်ဗရမ်း၊ ပခန်းမင်းကြီး ဦးရန်ဝေး၊ မကွေးမင်းကြီး ဦးကြာဥ၊ စစ်ကုန်းရွာသား ဦးထွန်းရင်တို့အကြောင်းကို ရေးသားထားခြင်းဖြစ်သည်။ သူတို့ ဘဝအကြောင်းကို အစအဆုံးရေးသားထားခြင်း မဟုတ်ဘဲ သူတို့၏ ထူးကဲသော နှလုံးသားများအကြောင်းကို ကမ္မည်းတင်ထားခြင်းဖြစ်သည်။ ခွင့်လွှတ်ခြင်း လင်္ကာ ၄ ပုဒ်ဖြင့် အမျက်ကြီးသော နရပတိစည်းသူမင်းကို အကျွတ်တရားရစေခဲ့သော အနန္တသူရယ အမတ်၊ မိမိသမီးတော်အား တစ်ဖက်သတ် ကြိုက်နေသောသူကို အပြစ်မယူဘဲ ခွင့်လွှတ်နိုင်ခဲ့သော ကျစွာမင်း၊ လဂွန်းအိမ်၏ ရိုးသားမှုကြောင့် သေဘေးကလွတ်ခဲ့ရသည့် ဗမာအမတ်များ၊ အသင်္ခယာမင်းကို လုပ်ကြံရန် ကြိုးစားခဲ့သော်လည်း တစ်လုတ်စားခဲ့ရသော ထမင်း၏ ကျေးဇူးကြောင့် လုပ်ကြံရန် အစီအစဉ်ကို စွန့်လွှတ်ခဲ့သော ငခင်ညိုအပါအဝင် စံပြုဖွယ် မြင့်မြတ်သူတို့အကြောင်းကို အသေးစိတ် သိခွင့်ရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|