|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဝိသုဒ္ဓိမဂ် မြန်မာပြန် ပို့ချချက် (အတွဲ ၂) (ဒုတိယဆင့်)
-
-
Author(s):
အရှင်ပဏ္ဍိတ (ကထိက - န.ပ.သ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 437
- Binding: Paperback
- Publication Month Year: Dec-2020
- Size: 15 cm x 23 cm
|
- Description: သာသနာရေးမှ ဖွင့်လှစ်သော ဝိသုဒ္ဓိမဂ်သင်တန်းတွင် ကထိကဆရာတော် အရှင်ပဏ္ဍိတပို့ချခဲ့သော သင်တန်းပို့ချချက်များ စုစည်းမှုဖြစ်သည်။ ဝိသုဒ္ဓိမဂ်ကို ပုံစံသစ် နည်းစနစ်သစ်ဖြင့် ရှင်းပြထားပြီး ပထမဆင့်တွင် သိလနိဒ္ဒေသမှ အနုဿတိကမ္မဋ္ဌာနနိဒ္ဒေသအထိ၊ ဒုတိယဆင့်တွင် ဗြဟ္မဝိဟာရနိဒ္ဒေသမှ ဣန္ဒြိယသစ္စနိဒေသအထိ၊ တတိယဆင့်တွင် ပညာဘူမိနိဒ္ဒေသမှ ပညာဘာဝနာနိသံသနိဒ္ဒေထိ ရှင်းပြထားသည်။ ဝိသုဒ္ဓိမဂ်ကို မြန်မာပြန်ဆိုရာတွင် ကျိုက်ထိုဆရာတော် (ဘုရားသုံးဆူ)မူ၊ မဟာစည်မူ အစရှိသည်ဖြင့် ရှိကြသော်လည်း စာအုပ်ပါ စာရေးသူ ဆရာတော်၏ သင်တန်းပို့ချချက်များတွင်မူ ပါဠိကို ပါဠိဂတိအတိုင်း မြန်မာပြန်ဆိုခြင်းမပြုဘဲ ပါဠိမတတ်သောသူများ နားလည်နိုင်စေရန် လွယ်ကူရှင်းလင်းသော စကားပြေများ အသုံးပြုထားသည်ကို တွေ့ရသည်။ မူအားဖြင့် မဟာစည်ဆရာတော်၏ ဝိသုဒ္ဓိမဂ်မြန်မာပြန်ကို အဓိကကိုးကားထားပြီး ဖတ်ရှုလေ့လာရာတွင် ပိုမိုနားလည်ရလွယ်စေရန် ခေတ်စကားပြေများဖြင့် အစားထိုးရှင်းလင်းထားခြင်းဖြစ်သည်။ ဝိသုဒ္ဓိမဂ်မည်သော စင်ကြယ်သော လမ်းစဉ်ဖြင့် ဝိသုဒ္ဓိစခန်း နိဗ္ဗာန်နန်းသို့ ဆိုက်ရောက်အောင် အထောက်အပံ့ဖြစ်စေမည့် စာအုပ်ကောင်းများ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|