|
Myanmar Books
Publishers
|
|
'ပီယ'
,
'ဦးသိန်းဇံ'
,
'ဦးနု'
,
'မြသန်းတင့်'
,
'ကချင်'
,
'ရန်ကုန်'
,
'ရွှေဥမင်'
,
'စမ်းစမ်း'
,
'လိင်သဘာဝ'
,
'English Grammar in Use'
,
'လိုဂို'
,
'အကြီးအကဲ (နိုင်ငံတစ်ခု ပျက်သုဉ'
,
'မြန်မာစွယ်စုံကျမ်း'
,
'လက်ဖက်'
,
'ဒေါက်တာသစ်လွင် (Dhamma Friends)'
,
'hsa ba'
,
'တရားမ'
,
'- (English Books)'
,
'ဦးဝိစိတ္တသာရာဘိဝံသ'
,
'Kim Jong Un'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့၏ သိမ်အချင်းချင်း ရောယှက်၍ သမုတ်မှုကို အကြောင်းပြုပြီး “မိမိသိမ်ဖြင့် သူတစ်ပါးသိမ်ကို ရောယှက်၍ မသမုတ်ရန်၊ မိမိသိမ်နှင့် သူတစ်ပါးသိမ် အချင်းချင်း မရောယှက်ရန်” တားမြစ်တော်မူခဲ့သည်။ ဗုဒ္ဓသာသနာတွင် သိမ်သည် အသက်သွေးကြောသဖွယ် အရေးကြီးလှရာ သိမ်ပျက်လျှင် သာသနာပျက်မည်ဆိုသည်အထိ အရေးပါလှသည်။ ယခုအခါ အချို့နေရာတို့၌ မီးကြိုးကို ပိုက်အတွင်းသွင်းကာ မြေမြုပ်၍ သိမ်အတွင်း မီးထွန်းခြင်း၊ သိမ်အပြင်တွင် မီးပလပ်ဖြင့် အရှင်ထားကာ ကံပြုမှ မီးကြိုးကို ဖြုတ်ခြင်း၊ သိမ်သမုတ်ပွဲ ကျင်းပစဉ် မီးကြိုးကို မြေမြုပ်၍ သိမ်အတွင်း မီးထွန်းကာ သီမာသမ္မုတိကံပြုခြင်း၊ နိမိတ်တို့၏ အပြင်ဘက်၌ တိုင်စိုက်ကာ မီးကြိုးပတ်လည်သွယ်၍ အလင်းရောင်ယူပြီး သီမာသမ္မုတိကံပြုခြင်းတို့ကို တွေ့ရှိနေကြရာ ထိုသို့ပြုလုပ်ခြင်းသည် မြတ်စွာဘုရား တားမြစ်ခဲ့သည့် သိမ်ရောယှက်မှ တားမြစ်ချက်ကို ချိုးဖောက်ခြင်းရှိ မရှိ အပ် မအပ် အငြင်းပွားလာကြသည်။ ထိုကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သီမာသင်္ကရ ဝိနိစ္ဆယ စာတမ်းပြုစုရေးအဖွဲ့ ဖွဲ့စည်းပေးကာ သီမာသင်္ကရ ဝိနိစ္ဆယစာတမ်းခေါ် သိမ်ရောယှက်မှ အဆုံးအဖြတ်စာတမ်းကို ပြုစုစေခဲ့သည်။ ထိုစာတမ်းကို ယခုကဲ့သို့ စာအုပ်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ရာတွင် မြတ်စွာဘုရား၏ ဝိနည်းဆုံးဖြတ်ပုံ နည်းပေးလမ်းပြ (နည်းလမ်းညွှန်ပြ) မဟာပဒေသ (၄) ပါးကို နည်းယူ၍ ဆုံးဖြတ်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|