|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ပါတော်မူ သီပေါမင်း၏ စတုတ္ထသမီးတော်ဖြစ်သည့် အရှင်ထိပ်စုမြတ်ဘုရားကလေးကိုယ်တိုင်ရေးသားထားသည့် အင်္ဂလိပ်အစိုးရ အာဏာဖီဆန်ရေးစာတမ်းကို မူရင်းအင်္ဂလိပ်နှင့်တကွ မြန်မာပြန်ကိုပါ ပူးတွဲဖော်ပြထားသော စာအုပ်ဖြစ်သည်။ အင်္ဂလိပ် အစိုးရသည် ရန်ကုန်သို့ ပြောင်းရွေ့နေထိုင်လာသည့် အရှင်ထိပ်စုမြတ်ဘုရားကလေးထံမှ စာဝင်၊ စာထွက်များကို ဖောက်ထုတ်စစ်ဆေးပြီးမှ အဝင်အထွက် ခွင့်ပြုစေခဲ့ရာ ၎င်းစာများတွင် Ashinနှင့် Her Royal Highness/H.R.H(ကြီးမြတ်တော်ဝင်သူ) ဟူသော စကားလုံးအသုံးအနှုံးများပါရှိက စာကို ပြင်ပသို့ ယူဆောင်ခွင့်မပြုဘဲ စတုတ္ထသမီးထံသို့ ပြန်ပို့စေသည်။ ထိုကိစ္စမှ စတင်ကာ မကျေနပ်သဖြင့် အင်္ဂလိပ် ပဉ္စမမြောက် ဂျော့ဘုရင်ထံ ဤစာဖြင့် အရေးဆိုသည့်အပြင် ထိုစဉ်က နိုင်ငံပေါင်းချုပ်အဖွဲ့နှင့် အခြားအစိုးရများထံ မိတ္တူပွားပို့ခြင်းဖြင့် နိုင်ငံတကာတွင် အင်္ဂလိပ်တို့၏ ဂုဏ်သိက္ခာကို ချပစ်ခဲ့သည်။ ထိုစာပါအကြောင်းအရာများကို မူရင်းပါအတိုင်း ဖတ်ရှုကြရမည်ဖြစ်သည်။ စာတွင် အင်္ဂလိပ်တို့၏ မြန်မာနိုင်ငံကို မတရား သိမ်းပိုက်ခဲ့ပုံများ၊ နန်းတွင်း အဖိုးတန်ပစ္စည်းများကို ခိုးဝှက် ဖျောက်ဖျက် ယူဆောင်သွားကြပုံများ၊ သီပေါမင်းအပါအဝင် ပါတော်မူမိသားစုကို မစို့မပို့ ထောက်ပံ့စာပေး၍ အကျဉ်းချထားပုံများကို ဖော်ပြထားပြီး နောက်ဆုံးတွင် သူမ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရဲဝင့်စွာ တောင်းဆိုထားသည်ကို တွေ့ရသည်။ (မှတ်ချက်။ ဤစာဂယက်ကြောင့် အင်္ဂလိပ်အစိုးရက ဒေါပုန်ထကာ စတုတ္ထသမီးတော်၏ အသုံးစရိတ် ထောက်ပံ့ငွေများကို ဖြတ်တောက်ခဲ့သည်။ ထိုအခါ စတုတ္ထသမီးတော်သည် ဝင်ငွေမရှိတော့သဖြင့် အိမ်သားများ ရှေ့မှောက်၌ “ငါ့သားတော် သမီးတော်တွေကို စေတနာနဲ့ မွေးစားလိုသူတွေ လာယူကြ”ဟု မျက်ရည်ကျကာ ပြောခဲ့သည်အထိ စိတ်ထိခိုက်ခဲ့သည်။)
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|