|
Myanmar Books
Publishers
|
|
'Anattalakkhana'
,
'ခင်ဆွေဦး'
,
'မြဝတီစာပေတိုက်'
,
'ကြောင်ပုံ'
,
'ကြပ်ကလေး'
,
'Anne Frank'
,
'ဓူဝံ'
,
'ဒေါက်တာလှဘေ'
,
'မွန်သာသနာ'
,
'ခြေဥ'
,
'ထွန်းအောင်'
,
'ashin kundalabhivam'
,
'အကျိုးဆောင်'
,
'မောင်သွေးသစ်'
,
'မဃဒေဝ'
,
'ဓမ္မပဒ'
,
'ငွေဥဒေါင်း'
,
'လူ့ဘောင်အဖွဲ့အစည်း'
,
'ashin kundalabhivamsa'
,
'ဒေါက်တာအုန်းမောင်'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကိုယ်တိုင် အမျိုးသားစာပေဆုရ စာရေးဆရာမတစ်ဦးဖြစ်သလို မိဘမဲ့ ကလေးများ ပြုစုပျိုးထောင်ခြင်း၊ အနာကြီးရောဂါ ကာကွယ်ရေးနှင့် ရောဂါသည်ဟောင်း မိသားစုများ ဘဝရပ်တည်နိုင်ရေး၊ HIV/AIDS ရောဂါကာကွယ်ရေးနှင့် တားဆီးရေးလုပ်ငန်း၊ စိတ်ကျန်းမာရေးဆေးရုံ၏ စိတ်ကုထုံးသစ်ရှာဖွေရေး၊ အခမဲ့ ပညာဒါနကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းလုပ်ငန်းများ။ သွေးလှူရှင်အဖွဲ့များ ဖွဲ့စည်းခြင်း၊ “သုခရိပ်မြုံ” HIVပိုးကူးစက်ခံ မိဘမဲ့ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ခြင်း၊ “ဆည်းဆာရိပ်”အမည်ရှိ ခိုကိုးရာမဲ့ နာမကျန်း ဘိုးဘွားများ ပြုစုစောင့်ရှောက်ရေး စီမံချက်လုပ်ငန်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအပါအဝင် လူမှုရေးနှင့် ပရဟိတလုပ်ငန်းများကို စိတ်ရောကိုယ်ရော နှစ်မြုပ်ကာ လုပ်ကိုင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်ရာမှ တွေ့ကြုံရသော အခက်အခဲများ၊ လုပ်ဆောင်ချက် အောင်မြင်သဖြင့် ခံစားရသော ပီတများ၊ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူအပါအဝင် လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ဝေဒနာရှင်များ၏ စိတ်ခံစားမှုများကို ဆောင်းပါးများအဖြစ်ရေးသား၍ စာဖတ်သူများသို့ မျှဝေခံစားထားခြင်းဖြစ်သည်။ အထူးသဖြင့် HIV၊ အနာကြီးရောဂါသည်များကို ပြုစုစောင့်ရှောက်နေသည့် လုပ်ငန်းများကိုအကြောင်းကို အသေးစိတ်သိရှိရမည်ဖြစ်ပြီး ဆောင်းပါးများမှာ ကျန်းမာရေးဆောင်းပါးများမဟုတ်ကြဘဲ ပရဟိတလုပ်ငန်းလုပ်ဆောင်ရာမှ သိမြင်ခံစားခဲ့ရသည်များကို ပြန်လည်ရေးသားထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|