|
Myanmar Books
Publishers
|
|
'နုယဉ်'
,
'ရဲမြင့် (စွန့်ဦးတီထွင်)'
,
'အာမခံ'
,
'ပျို့'
,
'သုံးတန်ပေါ်နိစ်'
,
'တင်ထွန်းနိုင်'
,
'ခရီးသည်'
,
'ပတ္တမြားငမောက်'
,
'Festival'
,
'ဒေါက်တာခင်မောင်ညွန့်'
,
'ဂျူးလိယက်'
,
'Letter'
,
'သစ်'
,
'ဝါယာမိန္ဒာ'
,
'Hand-made'
,
'JavaScript'
,
'ဟစ်တလာ'
,
'English writing skills'
,
'ထီးနန'
,
'နတ်မောက် အနီချို'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: မြန်မာသာသနာဝင်ဟု အဓိပ္ပာယ်ရသည့် ဤသာသနာလင်္ကာရစာတမ်းတွင် မြန်မာပြည်၌ သာသနာ သက်ဆင်းပုံ တည်ထွန်းပုံနှင့်တကွ ဆရာအစဉ်အဆက်အကြောင်းများကို ပိဋကတ်ကျမ်းတို့နှင့် ညှိနှိုင်းတိုက်ဆိုင်လျက် အစောင်စောင်သော ရာဇဝင် သမိုင်း မော်ကွန်း သံပိုင်း ဧချင်း ကျောက်စာတို့မှ ထုတ်နုတ်ကာ ပြုစုထားသည်ကို ဖတ်ရှုရမည်ဖြစ်သည်။ ပဌမသင်္ဂါယနာတင်ရခြင်းအကြောင်းမှ စတင်ကာ သီဟိုဠ်ကျွန်းတွင်း ဂိုဏ်းကွဲပြားကြပုံ၊ ရာမညတိုင်း၊ ယောနကတိုင်းနှင့် မြန်မာနိုင်ငံတော်တွင် သာသနာ သက်ဆင်းပုံ၊ သာသနာ ၅ဝဝဝ အကြောင်း၊ မိုးညှင်းမင်း သက္ကရာဇ်ကိန်းဖြိုခြင်း၊ ရေငုံဆရာတော်၊ တောင်တွင်းကြီး အရှင်မဟာသီလဝံသ၊ လက်ဝှေ့သတ် ရဟန်းကြီး သင်္ဃရာဇာအပါအဝင် သမိုင်းတွင် ထင်ရှားသော ဆရာတော်ကြီးများအကြောင်း၊ ဆင်ဖြူရှင်လက်ထက် အတင်ဂိုဏ်း အရုံဂိုဏ်း များစွာ ကွဲလွဲကြပုံ၊ သွားတော် ၄ဝ စွယ်တော် ၄ ချောင်း အဆုံးအဖြတ်အပါအဝင် မြန်မာနိုင်ငံ၏ သာသနာသမိုင်းမှ ထင်ရှားသော ဖြစ်ရပ်များနှင့် သာသနာသမိုင်းအကြောင်း ပါရှိသည်။ (မှတ်ချက်။ ဤစာအုပ်သည် အမတ်ကြီးမဟာဓမ္မသြင်္ကရေးသားသော သာသနာလင်္ကာရစာတမ်း တစ်ကျမ်းတည်းကိုသာ သီးခြားရိုက်နှိပ်ထုတ်ဝေထားသော စာအုပ်ဖြစ်သည်။ အကယ်၍ သာသနာသမိုင်းကြောင်းကို ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် ၃ ဘာသာဖြင့် ဖတ်ရှုလိုပါက အမတ်ကြီး မဟာဓမ္မသြင်္က ိ ရေးသားပြုစုသော သာသနာလင်္ကာရစာတမ်း၊ မောင်းထောင်ဆရာတော် ပါဠိဘာသာဖြင့် ပြုစုသော သာသနဝံသပ္ပဒီပိကာကျမ်းနှင့် Bimala Churn Law၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော The History of The Buddha Religionကျမ်းတို့ကို ပေါင်းစည်းထားသည့် သာသနာလင်္ကာရစာတမ်း သာသနဝံသပ္ပဒီပိကာစာအုပ်တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။)
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|