|
Myanmar Books
Publishers
|
|
'မောင်နေဝင်း'
,
'logistics'
,
'Phrasal verbs'
,
'အောင်ကျော်'
,
'Microcontroller'
,
'ဗုဒ္ဓဂါယာ'
,
'ကျီးသဲလေးထပ်'
,
'ကလေးဝတ္ထု'
,
'အမေ'
,
'မုံရွေး'
,
'SkyDrive'
,
'အောင်ကောင်းစုံ'
,
'အရှင်ဇာဂရာဘိဝံသ'
,
'တင်တင်စိန်'
,
'Motivation'
,
'အင်းစမ'
,
'သီပေါစော်ဘွား'
,
'digital marketing'
,
'IOT'
,
'ယုတ္တိဗေဒ'
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အကွဲအပြဲ ဇာတ်လမ်း (အင်္ဂလိပ် + မြန်မာ)
-
-
Author(s):
ဂါဒီယန်ဦးစိန်ဝင်း
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 200
- Binding: Paperback
- Publication Month Year: Nov-2009
- Size: 13 cm x 20 cm
|
- Description: မြန်မာ့နိုင်ငံရေးသမိုင်း၌ အင်အားအကြီးဆုံး၊ အခိုင်မာဆုံး အမျိုးသားတပ်ပေါင်းစုကြီးဖြစ်သော ဖ.ဆ.ပ.လ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရး) အဖွဲ့ကြီး ဖြစ်ပေါ်လာပုံနှင့် ပြိုကွဲသွားပုံတို့ကို အသေးစိတ် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဖ.ဆ.ပ.လ၏ ထိပ်ပိုင်းရာထူးများကို ရယူခဲ့ကြသည့် ဦးနု၊ ဦးကျော်ငြိမ်းအပါအဝင် နိုင်ငံရေးသမားကြီးများအကြောင်း၊ အစောပိုင်းကာလ အကွဲအပြဲများ၊ အားပြိုင်မှုများနှင့် လုပ်ကြံမှုများ၊ တတိယမြောက် ပြည်လုံးကျွတ် ဖ.ဆ.ပ.လညီလာခံအကြောင်း၊ ပါတီတွင်း အပြန်အလှန် အပုပ်ချခဲ့ပုံများ၊ ပါလီမန်နောက်လိုက် အင်အားစုစည်းခဲ့ပုံများ၊ နု-တင် အစိုးရဖွဲ့ပုံ၊ အပြန်အလှန် မယုံသင်္ကာမှုများ ဖြစ်ခဲ့ပုံ၊ နောက်ဆုံး ဦးနုကိုယ်တိုင် တိုင်းပြည်ကို မထိန်းသိမ်းနိုင်တော့ပဲ ဗိုလ်ချုပ်နေဝင်းလက်သို့ အာဏာအပ်ခဲ့ရပုံများကို လူသိနည်းသေးသည့် ပါတီတွင်း အရှုပ်တော်များနှင့်အတူ ဖော်ထုတ်ရေးသားထားသည်။ ၁၉၅၉ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလထုတ် ဂါးဒီယမ်း သတင်းစာတွင် နေ့စဉ်ဖော်ပြခဲ့သော ဆောင်းပါးများကို အင်္ဂလိပ်+မြန်မာ နှစ်ဘာသာဖြင့် စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ စာရေးသူသည် ဤဆောင်းပါးများကို ကိုယ်တိုင်လေ့လာခဲ့သည့် မှတ်တမ်းများ၊ လေ့လာချက်များ၊ ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲ ခေါင်းဆောင်များနှင့် တွေ့ဆုံမေးမြန်းချက်များကို ကိုးကား၍ ရေးသားထားခြင်းဖြစ်သည်။ ဖ.ဆ.ပ.လအဖွဲ့ကြီးကို ပြိုကွဲစေသည့် အဓိကအကြောင်းများမှာ ထိပ်ပိုင်းခေါင်းဆောင်များ၏ အာဏာမူးယစ်ခြင်း၊ အခြောက်တိုက် ဘဝင်မြင့်ခြင်း၊ အာဏာအလွဲသုံးစားပြုခြင်း၊ ပုဂ္ဂိုလ်ရေး ပြိုင်ဆိုင်ခြင်း၊ မနာလို ဝန်တိုမှုနှင့် မယုံသင်္ကာမှုများ ဖြစ်ခြင်း၊ ရန်ငြိုးထားကြခြင်းတို့ကြောင့် ဖြစ်သည်ဟု စာရေးသူက ဆိုသည်။ ဝါရင့် သတင်းစာသမားကြီးဖြစ်သူ စာရေးသူ ဆိုစကား မှန် မမှန်ကို ဤစာအုပ်ပါ ဖြစ်ရပ်များက သက်သေပြကြမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|