|
Myanmar Books
Publishers
|
|
'elon musk'
,
'ညီနောင် (Humber)'
,
'၈၈'
,
'ရာပြည့်'
,
'ဒေါက်တာအောင်ခင်'
,
'အေဖ'
,
'ဓာတ်ပုံပညာ'
,
'Anattalakkhana'
,
'အင်္ဂလိပ်စာတတ်လိုသော်'
,
'ကြက်တူရွေး'
,
'ရှင်မထီး'
,
'ဦးသိန်းမောင်'
,
'နဂါးနက်'
,
'ရှုထောင့်အထွေထွေ'
,
'Flowery Sentence'
,
'web'
,
'စရဖ'
,
'စိန်မျိုးမြင့်'
,
'လူ'
,
'ကြီးကြီးမားမား စဉ်းစားပြီး ကျာ'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: အင်္ဂလန်နိုင်ငံ မန်ချက်စကာတက္ကသိုလ်မှ ပါရဂူဘွဲ့ရှိခဲ့ပြီး လက်ရှိတွင် အီတလီနိုင်ငံရှိ ကုလသမဂ္ဂအဆင့်မြင့် ဝန်ထမ်းများကောလိပ်တွင် Principal Officerအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်သည် မြန်မာပြည်တွင် ရှိနေစဉ်ကာလအတွင်း အသင်း အဖွဲ့အစည်းအမျိုးမျိုးတို့၏ ဟောပြောပွဲများတွင် တက်ရောက်ဟောပြောရန် ဖိတ်ကြားခြင်းခဲ့ရသည်။ ဟောပြောပွဲများတွင် သူ၏ ဘဝအတွေ့အကြုံနှင့်တကွ ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ရာ လူအများ၏စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်။ ဟောပြောပွဲများတွင် ကြုံတွေ့ရသော မှတ်သားဖွယ် ဖြစ်ရပ်များနှင့် ဆက်စပ် အကြောင်းအရာများကို The Voiceဂျာနယ်တွင် ဆောင်းပါးများအဖြစ် ပြန်လည်ရေးသားခဲ့ရာ ဤစာအုပ်သည် ဂျာနယ်ပါ သူ၏ ဟောပြောပွဲဆောင်းပါးများကို ပေါင်းစည်း၍ ထုတ်ဝေထားခြင်းဖြစ်သည်။ ဆောင်းပါးများတွင် ပညာ၏ အခန်းကဏ္ဍ၊ စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများ၊ နိုင်ငံတကာ တက္ကသိုလ်များ၏ သင်ကြားမှုစနစ်အကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်မှုစနစ်အကြောင်း၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း၊ Ph.Dအတွက် ကျမ်းတင်သွင်းမှု အတွေ့အကြုံများနှင့် သုတေသန အတွေ့အကြုံများ၊ နိုင်ငံတကာတွင် စာရေးသူ ဟောပြောခဲ့သည့် ဟောပြောပွဲ အတွေ့အကြုံများအကြောင်းအပါအဝင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများစွာ ပါဝင်ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|