|
Myanmar Books
Publishers
|
|
'ပုဂ္ဂလပညတ်'
,
'Microcontroller'
,
'လက်သုပ်'
,
'Slang'
,
'သက်ပိုင်ရဲ'
,
'read the passage'
,
'ဝိဘတ်'
,
'Talpiot'
,
'သိပ္ပံနည်းကျ'
,
'ဆယ်ကျော်သက်'
,
'ရေကူး'
,
'ကာမ'
,
'ရဲသီဟကိုတင်အောင်'
,
'သုတေသီမောင်မောင်'
,
'ဒေါ်ယဉ်ယဉ်လှ'
,
'မွန်ရာဇဝင်'
,
'ကောင်းမြတ်လွန်းသော်'
,
'စေတီ'
,
'ရွှေဥဒေါင်း'
,
'ဗေဒ'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: စာရေးဆရာ သာဓု၏ သားဖြစ်သူ စာရေးဆရာ ရုပ်ရှင်သရုပ်ဆောင် သုမောင်က သူ၏ နှစ်ဖက်မိဘ ဆွေမျိုးများထဲမှ လူရွတ်၊ လူ့ခွစာများအကြောင်းကို အရှိကို အရှိအတိုင်း တင်ပြရေးသားထားခြင်းဖြစ်သည်။ စာရေးသူက သူသည် “ဖြစ်ကြောင်းကုန်စင် မိသားစုပုံပြင်”များ ရေးသော စာရေးဆရာမျိုးဖြစ်ရာ အချို့ဆွေမျိုးများ၏ ဆိုးမျိုးကိုလည်း ရေးရကြောင်း၊ သို့သော် ထိုသို့ရေးသားရာတွင် အင်မတန်ငဲ့ညှာစွာနှင့် ဟာသဘက်သို့နွယ်အောင် ရေးထားကြောင်း အမှာစာတွင် ဝန်ခံထားသည်။ စာရေးဆရာ သာဓုက သူ၏ ငယ်ဘဝ နာကျည်းချက်များကို “အတာ”ဝတ္ထုဖြင့် ထုတ်ဖော်ရေးသားခဲ့ရလောက်အောင် ဆိုးခဲ့သည့် စာရေးဆရာ သာဓု၏ အမေ (သုမောင်၏ အဘွား)အကြောင်း၊ မိန်းမလက်ထဲ တစ်နှစ်သားကလေးကိုအပ်ကာ မော်လမြိုင်သင်္ကြန်ကို ခဏသွားလည်ရာမှ နောက်နှစ် ၃ဝ ကြာမှ နောက်အိုး နောက်အိမ်ထောင်ဖြင့် ရန်ကုန်ပြန်ရောက်လာသူ စာရေးသူ၏ ဦးလေး၊ မိမိအဖေအတွက် မိမိထက်ငယ်သည့် သူငယ်ချင်းကိုပင် အောင်သွယ်လုပ်ပေးခဲ့ရသည့် သုမောင်၏ ဒေါ်လေး အပါအဝင် ဆိုးပေ ၁၆ ယောက်အကြောင်းကို ဆောင်းပါး ၁၆ ပုဒ်ခွဲ တင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|