|
Myanmar Books
Publishers
|
|
'Gandi'
,
'ကလေးစိတ်ပညာ'
,
'Real live'
,
'မိမှေး'
,
'မင်းလူ'
,
'ရိုးရာပွဲတော်များ'
,
'ဝေသာ'
,
'မွန်လူမျိုး'
,
'ပင်းယ'
,
'အိုဘားမား'
,
'Negotiate'
,
'ဒေါ်ယဉ်ယဉ်လှ'
,
'ရေနံ'
,
'mobile'
,
'တကသ'
,
'သံလွင်'
,
'ဆော်ဒီ'
,
'‘ကြယ်’'
,
'the 5000 of the most frequentl'
,
'ဂယ်လီလီယို'
|
More ...
|
Latest 10 Editor's Choices
Book Details
|
- လူငယ်နဲ့ အချစ်
-
-
Author(s):
လူထုစိန်ဝင်း
- Type: Myanmar Books
-
Category:
မိသားစုရေးရာ
- No of Pages: 124
- Binding: Paperback
- Publication Month Year: Dec-2020
- Size: 13 cm x 21 cm
|
- Description: လူကြီးဘဝထဲ ခြေလှမ်းဝင်ခါစ လူကြီးကလေး(လူငယ်)အချို့သည် စာရေးသူထံ လာရောက်၍ အိမ်ထောင်ရေးကိစ္စများ၊ လူငယ်သဘာဝ ချစ်ရေးကြိုက်ရေးကိစ္စများ၊ ပြဿနာများကို တိုင်ပင်ဆွေးနွေးတတ်ကြသည်။ မိဘဖြစ်သူများမှာ လောကဓမ္မတာ ချစ်ရေးကြိုက်ရေး အိမ်ထောင်ရေးကိစ္စများကို သားသမီးများနှင့် နှီးနှောပြုလုပ်ဖို့ ဝန်လေးတတ်ကြရာ မိဘများက သားသမီးတွေကို ပြောပြချင်တဲ့ လောကတံထွာ ဓမ္မတာကိစ္စများ၊ လူငယ်တွေက အဖေ အမေတွေကို မေးမြန်းဆွေးနွေးချင်တဲ့ ချစ်ရေးကြိုက်ရေးကိစ္စမျိုး ဆွေးနွေးထားသည့် စာမျိုးရှိရင် ကောင်းမည်ဆိုသည့် အတွေး စာရေးသူခေါင်းထဲသို့ ရောက်လာခဲ့သည်။ ထို့ကြောင့်လည်း သားသမီးများနှင့် အထက်ပါကိစ္စများကို မျက်နှာချင်းဆိုင် ပြောဆိုဆွေးနွေးဖို့ ဝန်လေးတတ်ကြသည့် မိဘများအတွက် သားသမီးများကို ဝယ်ပေးစရာ ရှိစေချင်သည့် စေတနာ၊ ကောလိပ်ကျောင်းသူကျောင်းသားများသည် ရုပ်ရှင်ဇာတ်လမ်းများထဲမှ လူရွှင်တော်များလုပ်ပြသလို ဟေးလားဝါးလားနဲ့ ရည်စားထား အချိန်ဖြုန်းနေကြတာမဟုတ်ဘဲ လေးလေးနက်နက်နှင့် ဗဟုသုတများကို ရှာဖွေနေကြတာဖြစ်ကြောင်း မိဘများ သိစေချင်သည့် စေတနာ၊ ချစ်ရေးကြိုက်ရေးကိစ္စများတွင် အဖေ အမေတွေကို ဖွင့်ဟတိုင်တည်ရမှာ မဝံ့မရဲဖြစ်နေကြသည့် လူငယ်များ ဖတ်ရှုလေ့လာစရာ စာအုပ်တစ်အုပ် ရှိစေချင်သည့် စေတနာများဖြင့် ဤစာအုပ်ပါ ဆောင်းပါးများကို ရေးသားဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ပါဝင်သော ဆောင်းပါးများမှာ တက္ကသိုလ်ကျောင်းနဲ့ အချစ်၊ အချစ်အကြောင်း၊ အချစ်နဲ့ အကြိုက်၊ အချစ်စစ်တမ်း၊ လူငယ်တွေရဲ့ အချစ်အမြင်၊ မြင့်မြတ်တဲ့အချစ်၊ အချစ်ကို တားဆီးလို့ရသလား၊ ဘဝတူမှ အချစ်ဖြစ်လာနိုင်၊ ပညာနဲ့ ဉာဏ်ရည်တူမှု၊ ရိုသေလေးစားမှုဟာ အချစ်ရဲ့ဝိညာဉ်၊ အချစ်ဆိုတာ အသစ် အသစ် ဖြစ်နိုင်သလား၊ အချစ်ရှာပုံတော်တို့ဖြစ်ကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|