|
Myanmar Books
Publishers
|
|
'Gandi'
,
'ကလေးစိတ်ပညာ'
,
'Real live'
,
'မိမှေး'
,
'မင်းလူ'
,
'ရိုးရာပွဲတော်များ'
,
'ဝေသာ'
,
'မွန်လူမျိုး'
,
'ပင်းယ'
,
'အိုဘားမား'
,
'Negotiate'
,
'ဒေါ်ယဉ်ယဉ်လှ'
,
'ရေနံ'
,
'mobile'
,
'တကသ'
,
'သံလွင်'
,
'ဆော်ဒီ'
,
'‘ကြယ်’'
,
'the 5000 of the most frequentl'
,
'ဂယ်လီလီယို'
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ချစ်မျက်ရည် ဘယ်ခါစဲလေလိမ့်
-
-
Author(s):
မောင်ထွန်းသူ
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 306
- Binding: Paperback
- Publication Month Year: Feb-2017
- Size: 14 cm x 21 cm
|
- Description: Lilian Roth ၏ I'll Cry Tomorrow ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဝတ္ထုမှာ စိတ်ကူးယဉ်မဟုတ်ဘဲ ကမ္ဘာကျော် အမေရိကန် အဆိုတော် ရုပ်ရှင်မင်းသမီး “လီလီယံရော့သ်”ဆိုသူ၏ ဘဝအကြောင်းကို သူမကိုယ်တိုင် ဖွင့်ဟပြောဆိုချက်များကို မှီးကာ ပြန်လည်ရေးသားထားခြင်းဖြစ်သည်။ ကိုးနှစ်သမီးအရွယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်ကျော်ကြားခဲ့ပြီး သူမ၏ ဗီဇစွမ်းရည်နှင့် ကြိုးပမ်းအားထုတ်မှုများကြောင့် နောက်တစ်ဆင့်အဖြစ် အဆိုတော်အဖြစ် တက်လှမ်းနိုင်ခဲ့သူ၊ တဖန် တော်ရုံတန်ရုံ အရည်အချင်းနှင့် မရောက်နိုင်သည့် နယူးယောက်မြို့ ကမ္ဘာကျော် ဘရော့ဝေးပြဇာတ်စင်ပေါ်သို့ ၁ဝ ကျော်သက် အရွယ်တွင် ရောက်ရှိပြီး၊ အသက် ၂ဝ ကျော်တွင် ဟောလီးဝုဒ်ရုပ်ရှင်လောကသို့ရောက်ရှိလာခဲ့သူ၊ အသက် ၂ဝ ကျော်ကလေးနှင့် အချမ်းသာဆုံးနှင့် အကျော်ကြားဆုံး အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့သော်လည်း အသက် ၃ဝ ကျော်အရွယ်မူတွင်ကား လောကဓံ၏ ရိုက်ချက်ကြောင့် အဆင်းရဲဆုံးနှင့် နာမည်အဆိုးဆုံး မိန်းမတစ်ယောက် ဖြစ်သွားခဲ့သူ လီလီယံရော့သ်က “ဤဝတ္ထုသည် ကျွန်မအတွက်သာမက ကျွန်မကို ချစ်ခင်ကြသော လူပေါင်းအမြောက်အမြားအတွက် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသည့် ဘဝတစ်ခု၏ ဇာတ်လမ်းဖြစ်ပါသည်။ ကျွန်မအနေဖြင့် အတိတ်၏ တံခါးများကို ပြန်ဖွင့်ရသည်မှာ မလွယ်လှပါ။ သို့ပါလျက် ကျွန်မဘာကြောင့် ဤစာအုပ်ကို ရေးရပါသနည်း။ ပထမတစ်ချက်မှာ ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် ကျွန်မဘဝကို ပြန်လည်တည်ဆောက်ရာ၌ အထောက်အကူရလို၍ ဖြစ်ပါသည်။ ဒုတိယတစ်ချက်မှာ ကျွန်မ၏ ဘဝထဲမှ သင်ခန်းစာများသည် အခြားလူများအား အကူအညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိ၍ ဖြစ်ပါသည်”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|