|
Myanmar Books
Publishers
|
|
'ရတနာပုံ'
,
'Usage'
,
'အနာတဟန်'
,
'candle'
,
'ဒေါက်တာမောင်မောင်'
,
'ဦးမော်လူး'
,
'မှော်လက်စွပ်'
,
'ဆန်းလွင် (ရှင်အာဒိစ္စရံသီ)'
,
'အိမ်ခြံမြေ'
,
'ဆေးဝါး'
,
'မေမြို့ချစ်ဆွေ'
,
'မာရီ'
,
'Surrealism'
,
'Programming'
,
'အောင်စည်သာ'
,
'The power of the lady'
,
'တရုတ် - မြန်မာအဘိဓာန်'
,
'ပရမတၳ'
,
'ရဲထွဋ်'
,
'လုပ်ငန်းခွင်အန္တရာယ်'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: Jeffrey Zaslowရေးသားသည့် The Last Lectureကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယားပြည်နယ် ပစ္စဘတ်မြို့ရှိ ကာနက်ဂီမယ်လွန် တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံပါမောက္ခဖြစ်သူ Randy Pauschသည် ဆိုးရွား၍ သေနှုန်းမြင့်မားလှသော ပန်ကရိယကင်ဆာကို ၂ဝဝ၆ ခုနှစ်မှ စတင် ခံစားခဲ့ရသည်။ သူသည် ၂ဝဝ၈ ခုနှစ်၊ ဇူလိုင် ၂၅ ရက်နေ့တွင် အဆိုပါရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူ မကွယ်လွန်မီ ကာနက်ဂီ တက္ကသိုလ်က သူတို့တက္ကသိုလ်တွင် အစဉ်အဆက် ကျင်းပခဲ့သည့် “နောက်ဆုံးဟောပြောချက်”ဟူသော ဆွေးနွေးပွဲတွင် လာရောက်ဟောပြောရန် ဖိတ်ကြားခဲ့သည်။ Randy Pauschကလည်း လက်ခံဟောပြောပေးခဲ့ပြီး ဟောပြောချက်များတွင် သူ၏ ဘဝအကြောင်း၊ သူ ပညာသင်ကြားခဲ့မှုများ၊ ဟောပြောသည့်အချိန်က အရွယ်မရောက်သေးသော သူ၏ သားသမီးများ အရွယ်ရောက်လာချိန်တွင် သူပြောကြားလိုသော စကားများ၊ ဘဝအောင်မြင်ရေး အတွေ့အကြုံများ၊ ဘဝအကြောင်းတို့ကို ထည့်သွင်းဟောပြောခဲ့သည်။ သူ၏ ဟောပြောချက်သည် You Tubeတွင် တင်လိုက်ရာ လူကြိုက်အများဆုံး ဗီဒီယိုဖြစ်သွားခဲ့သလို Oprah Winfrey Showအစီအစဉ်တွင်လည်း ဟောပြောရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ထိုဟောပြောချက်များကို သူနှင့် သတင်းထောက် ဂျက်ဖရီး ဇပ်စလိုတို့က ပူးတွဲ၍ The Last Lecture Randy Pauschအမည်ဖြင့် စာအုပ်ရေးသားခဲ့ရာ အမေရိကန်တစ်နိုင်ငံတည်းတွင်ပင် အုပ်ရေ ၄ သိန်းကျော်ပုံနှိပ်ခဲ့ရပြီး နယူယော့တိုင်းမ်သတင်းစာ၏ ရောင်းအကောင်းဆုံးစာရင်းတွင် ၈၅ ပတ်ကျော် ရပ်တည်နိုင်ခဲ့သည်။ ဘာသာပေါင်း ၄၆ မျိုးသို့လည်း ပြန်ဆိုခြင်း ခံခဲ့ရသည်။ ပစ္စဘတ်မြို့တော်ကောင်စီက ၂ဝဝ၇ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့ကို ဒေါက်တာ ရန်ဒီပေါက်ရှ်နေ့အဖြစ် ကြေညာခဲ့သည်။ ယခုစာအုပ်သည် The Last Lecture Randy Pauschစာအုပ်ကို ဘာသာပြန်ဆိုလိုက်ခြင်းပင် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|