|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: တပ်မတော်(လေ)တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် လေတပ်စခန်း ဌာနမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူ စာရေးသူ၏ တပ်မတော်(လေ)အတွေ့အကြုံစာအုပ်ဖြစ်သည်။ စာအုပ်တွင် တပ်မတော်(လေ)၏ သမိုင်းဝင်ဖြစ်စဉ်များနှင့်တကွ ပြည်ပကျူးကျော်မှုကို ရွပ်ရွပ်ချွံချွံ နှိပ်နင်းခဲ့သည့် မဟာစစ်ဆင်ရေး၊ နဂါးနိုင်စစ်ဆင်ရေး၊ ဘုရင်နောင်စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေး၊ မဲခေါင် စစ်ဆင်ရေးများတွင် တပ်မတော် (လေ)သည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့ပုံ၊ နာမည်ကျော် ဟိုက်ကမ်းပါးတိုက်ပွဲအပါအဝင် ဗကပတို့နှင့် အပြန်အလှန်ဆင်နွှဲခဲ့သော တိုက်ပွဲကြီးများ၊ မြစ်ဝကျွန်းတော် တိုက်ပွဲများ၊ မြဝတီဒေသ KNUစစ်ဆင်ရေး၊ ကျိုင်းတုံဒေသတိုက်ပွဲကြီးမျာတွင် တပ်မတော်(လေ)၏ စွန့်လွှတ်စွန့်စား အောင်ပွဲများ ရရှိအောင် စွမ်းဆောင်ခဲ့ပုံ၊ သံလွင်အရှေ့ခြမ်းရှိ ဗကပတို့ကို စစ်ဆင်ခဲ့သည့် မင်းရန်အောင် စစ်ဆင်ရေးတွင် ကြည်းကြောင်းနှင့် လေကြောင်း နှစ်ရပ်ပေါင်း၍ အောင်ပွဲခံခဲ့ပုံများအပါအဝင် လေကြောင်းတိုက်ပွဲများအကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးသူသည် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ၁၉၈ဝ ခုနှစ်တွင် ရရှိခဲ့သလို စစ်မှုထမ်းကောင်းတံဆိပ်နှင့် နိုင်ငံတော်စစ်မှုထမ်း သင်္ဂဟတံဆိပ်များကိုလည်း ရရှိခဲ့သူဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|