|
Myanmar Books
Publishers
|
|
'မောင်နေဝင်း'
,
'logistics'
,
'Phrasal verbs'
,
'အောင်ကျော်'
,
'Microcontroller'
,
'ဗုဒ္ဓဂါယာ'
,
'ကျီးသဲလေးထပ်'
,
'ကလေးဝတ္ထု'
,
'အမေ'
,
'မုံရွေး'
,
'SkyDrive'
,
'အောင်ကောင်းစုံ'
,
'အရှင်ဇာဂရာဘိဝံသ'
,
'တင်တင်စိန်'
,
'Motivation'
,
'အင်းစမ'
,
'သီပေါစော်ဘွား'
,
'digital marketing'
,
'IOT'
,
'ယုတ္တိဗေဒ'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ကမ္ဘာကျော် မူးယစ်ရာဇာ အက်စကိုဘာအကြောင်းကို သူ့အစ်ကိုဖြစ်သူ Roberto Escobarက ဖွင့်ဟပြောဆိုချက်များအပေါ် မှီး၍ ရေးသားထားသော စာအုပ်ဖြစ်သည်။ နွားမွေးမြူသူ ဖခင်နှင့် ကျောင်းဆရာမ မိခင်တို့မှ မွေးဖွားလာသူ အက်စကိုဘာသည် ငယ်စဉ်က ဆင်းရဲစွာ ကြီးပြင်းခဲ့ရသူဖြစ်သည်။ ကြီးပြင်းလာသောအခါ မှောင်ခိုလုပ်ငန်း၊ ကားခိုးလုပ်ငန်းစသည့် မကောင်းမှုလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ပြီး ထိုမှတဆင့် လုပ်ငန်းကြီးထွားလာသောသောအခါ အမေရိကန်နိုင်ငံတွင်းသို့ ကိုကင်းမှောင်ခိုသွင်းကာ အကြီးအကျယ် ကြီးပွားချမ်းသာလာခဲ့သည်။ သူသည် ထက်မြက်သလို ကြင်နာသနားတတ်သည်။ စိတ်ဓာတ်ပြင်းထန်သလို အကြမ်းဖက်ရန် ဝန်မလေးတတ်သူဖြစ်သည်။ သေနတ်သမားဖြစ်သလို ကဗျာဆရာလည်းဖြစ်သည်။ သူ၏ ဒုစရိုက်များသည် များပြားလွန်းလှရာ သူလုပ်ဆောင်ခဲ့သည့် လူသတ်၊ ဗုံးထောင်ခြင်းကြောင့် သူ့ရန်သူများနှင့်အတူ အပြစ်မဲ့သူများလည်း သေကျေခဲ့ရပြီး တစ်နိုင်ငံလုံး ကျီးလန့်စာစား ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် အမေရိကန်နှင့် ကိုလံဘီယာတပ်ဖွဲ့တို့ ပူးပေါင်းလျက် သူ့ကို ဖမ်းဆီးရန် ကြိုးစားရာ နှစ်ဖက် ပစ်ခတ်မှုများကြားတွင် သူသည် သေဆုံးခဲ့ရသည်။ အသက်ရှင်စဉ်က သူ၏ ချမ်းသာကြွယ်ဝမှုသည် ငွေကို မြေပေါ် မြေအောက် ထားစရာမရှိအောင်ပင် ဖြစ်ခဲ့သည်။ ယခုစာအုပ်ပါ သူ့အကြောင်းများမှာ သူ၏ လူယုံတော်လည်းဖြစ်၊ လက်ရုံးလည်းဖြစ်၊ မူးယစ်မှောင်ခိုလုပ်ငန်းမှ ရရှိလာသော အကျိုးအမြတ်များကို ငွေဖြူဖြစ်အောင် ခဝါချပေးခဲ့သူ သူ၏ အစ်ကိုဖြစ်သူ၏ ပြောကြားချက်များ ဖြစ်သည်။ အက်စကိုဘာနှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များ၊ အမေရိကန်သို့ မူးယစ်မှောင်ခိုသွင်းပုံ နည်းလမ်းများ၊ ငွေမည်းကို ငွေဖြူလုပ်ခဲ့ပုံများ၊ အစိုးရထံတွင် အက်စကိုဘာ လက်နက်ချ ထောင်ထဲဝင်ခဲ့သော်လည်း ဘာကြောင့် ထောင်မှ ထွက်ပြေးရပုံနှင့် ဘယ်လို ထောင်က ထွက်ပြေးခဲ့ပုံ၊ အက်စကိုဘာ၏ နောက်ဆုံးနေ့ရက်များ၊ အက်စကိုဘာသေဆုံးပြီးနောက် Roberto Escobarလည်း အဖမ်းခံရပြီး ထောင်ထဲတွင် သူ့ကို လုပ်ကြံရန် အကြိမ်ကြိမ်ကြိုးစားခြင်းကို ခံခဲ့ရပုံ စသည်တို့ကို ဤစာအုပ်တွင် သတိသံဝေဂရဖွယ် ရေးသားဖွင့်ချထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|