|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: အမှုန့်ကြိတ်ပြီးသော ထင်းမီးသွေးကို အိတ်တစ်ခုထဲတွင် ထည့်ပြီး ကြပ်ထိုးကုသပေးသည့် ကုထုံးအကြောင်းကို ဤစာအုပ်တွင် အသေးစိတ် လေ့လာကြရမည်ဖြစ်သည်။ အကျိုးသက်ရောက်မှုလည်းရှိသလို ထိရောက်မှုလည်းရှိသည့် အဆိုပါကုထုံးသည် အစာမကြေခြင်း၊ ဝမ်းပူ ဝမ်းပျက် ဝမ်းကိုက်ခြင်း၊ မျက်စိနီ၍ ရောင်တင်းနာကျင်ခြင်း၊ ထိခိုက်ဒဏ်ရာရ၍ အသားကြေခြင်းများ၊ အနာစိမ်းနှင့် မွှေးကျွတ်နာများ၊ အင်းဆက်ပိုးမွှား ကိုက်ခံရသည့် ဝေဒနာများကို ပျောက်ကင်းသက်သာစေသည်ဟု ဆိုသည်။ ထင်းမီးသွေး၏ အရေးအပါဆုံး စွမ်းဆောင်မှုမှာ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘေးအန္တရာယ်ရောက်စေသော ရောဂါပိုးများ၊ ကူးစက်ရောဂါပိုးများ၊ သက်ရှိဇီဝမှ ထုတ်သည့် အဆိပ်များ၊ ထိခိုက်ဒဏ်ရာမှ ယိုစိမ့်ထွက်သည့် ပြည်များနှင့် အခြားသော ရောဂါပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါများကို ဖြစ်စေသည့် ဓာတုဗေဒသတ္တိရှိသော အရာဝတ္ထုများကို အလွှာပါးအဖြစ် ဖွဲ့စည်းလျက် မျက်နှာပြင်ပေါ်သို့ ဆွဲယူထားနိုင်ခြင်းပင်ဖြစ်သည်။ ယခုစာအုပ်တွင် ၁၉ ရာစုနှစ်တွင် ထင်းမီးသွေးဖြင့် ရောဂါအမျိုးမျိုးကို ကုသခဲ့သည့် သမိုင်းကြောင်း၊ ထင်းမီးသွေးဖြင့် ကုသခြင်းကို သိပ္ပံနည်းကျ သုတေသနပြုလုပ်ချက်များ၊ ထင်းမီးသွေး၏ ကုသမှုဆိုင်ရာ အကျိုးသက်ရောက်မှု၊ ရောဂါရှင်များ၏ ကိုယ်တွေ့ဆိုင်ရာ မှတ်တမ်းများ၊ ထင်းမီးသွေး၏ ရောဂါ သက်သာစေနိုင်သည့် ကပ်ဆေးနှင့် အုံဆေးများ၊ ထင်းမီးသွေးမှုန့်အရည် ဖော်စပ်ပုံနှင့် သောက်သုံးပုံတို့ကို အခန်း ၇ ခန်းခွဲ၍ အသေးစိတ် ရေးသားရှင်းလင်းထားသည်။ မူရင်းစာအုပ်အမည်မှာ Severino S. Paypa, M.H.Sc, M.P.Hရေးသားပြုစုသော “Healing Wonders of Charcoal” ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|